Unicode
"မာမီ သားသွန်းလေးနဲ့ အပြင်သွားမလို့ အဲ့ဒါ မုန့်ဖိုးလေးပေးအုံး"
ရှိုင်းဆက္မာမီ့အခန်းထဲဝင်ကာ မုန့်ဖိုးလာတောင်းခြင်းဖြစ်သည်။အခန်းထဲမှာ ဒယ်ဒီမရှိပုံထောက်ရင် ကုမ္မဏီသွားပြီထင်ပါ့။မာမီလည်း အလားတူဆိုင်သွားဖို့ ပြင်ဆင်နေပုံပင်။
"အပြင်တောင်အတူသွားကြမယ်ဆိုတော့ ပြန်တည့်သွားကြပြီထင်တယ် မှန်းစမ်း မာမီ့သားလေးကပြန်ချော့လိုက်တာဟုတ်တယ်မလား"
မာမီက တစ်သောင်းတန်ငါးရွက်အားထုတ်ပေးရင်း အရယ်တစ်ဝက်နှင့်ပြောလာလေ၏။
"မာမီကလည်း သိရဲ့သားနဲ့ဗျာ အဲ့ကောင်လေးကအရမ်းဉာဏ်များတာ သူငိုရင်ကျွန်တော်ပြန်ချော့မယ်ဆိုတာသိလို့ သက်သက္မဲ့လုပ်တာ"
ရှိုင်းဆက္မကျေနပ်သလို ဆိုလိုက္မိ၏။ဟုတ်သည်လေ သွန်းပြည့်ဆိုတဲ့ခွေးဆိုးလေးက အမြဲသူချော့ရမယ်မှန်းသိရင် အရင်ငိုပြတော့တာပဲ။ဒါလည်း ကျွန်တော်ကအမှတ်မရှိ ချော့နေမိတာပါဘဲလေ။
"ကဲပါ အခုမှမာမီ့ရှေ့ကိုလာပြောမနေနဲ့ သွန်းပြည့်လေးရှေ့မှာသွားပြောလေ"
"ဟာ မာမီကလည်း သားကိုနောက်တစ်ခေါက်ထပ်ချော့ရအောင် လုပ်နေတာလား"
"ဟား ဟား မာမီကစတာပါကွယ် သွားတော့ တော်ကြာနောက်ကျလို့ ဟိုကထပ်ပြီးစိတ်ဆိုးနေအုံးမယ်"
မာမီက သဘောတကျရယ်ရင်းနှင့်ပြောကာ အဝတ်လဲခန်းထဲဝင်သွားပြီဖြစ်၏။ရှိုင်းဆက်လည်း မာမီ့အခန်းထဲကထွက်ကာ သွန်းပြည့်တို့အိမ်ဘက်ထွက်ခဲ့လိုက်၏။
"သွန်းပြည့်ရေ ငါရောက်ပြီ"
" ရှင်း ..မင်းကလည်းနောက်ကျလိုက်တာ ငါစောင့်နေတာ ၁၅မိနစ်ရှိပြီ"
"ငါ မာမီ့ဆီက ပိုက်ဆံတောင်းနေလို့နည်းနည်းကြာသွားတာပါကွာစိတ်မဆိုးပါနဲ့ ပြီးတော့မုန့်လည်းကျွေးမယ် ရုပ်ရှင်လည်းကြည့်မယ်လေ နော်"
"ပြီးရော အဲ့ဒါဆိုလည်းသွားမယ်"
"လေးမြင့်ကိုပဲလိုက်ပို့ခိုင်းရအောင်သွန်းပြည့် အိမ်မှာကားရှိပေမယ့် ကိုဖိုးစိုးကသူ့ရွာခဏပြန်သွားလို့"