နောက်တစ်ချိန်ပြောင်းသွားတော့ ဆရာမ မလာသေးတာနဲ့ ခန့်ထူးမောင် တစ်ယောက်ထဲစာလုပ်နေလိုက်တယ်။
သူ့ဘေးမှာထိုင်တဲ့ သန့်စင်ကလည်း အနေအေးပြီး စကားသိပ်မများတဲ့သူမို့ တော်တော်လေး အဆင်ပြေတယ်လို့ပြောရမယ် ။"ခန့်ထူး ငါအိမ်သာသွားမလို့လိုက်ဦးမလား "
"တော်ပြီ မလိုက်တော့ဘူး "
သန့်စင်ထွက်သွားတော့ ခန့်ထူးမောင်တစ်ယောက် စာကိုပဲ သေချာအာရုံစိုက်ပြီး ဖတ်နေလိုက်တယ် ။
*ဘုတ်*
ရုတ်တရက်သူ့ဘေးကို လွယ်အိတ်ပစ်ချသံကြားလို့ ကြည့်လိုက်တော့ ဟိုကောင်ငြိမ်းချမ်းကိုကိုဖြစ်နေတယ် ။
"မင်းကဘာလာလုပ်တာလဲ ကိုယ့်နေရာကိုယ်မထိုင်ပဲနဲ့"
"အရှေ့ဆုံးတန်းမှာ မထိုင်ချင်လို့လေ "
ကျွန်တော့်ကိုဘေးနားမှာ မရှိသလိုသဘောထားနေပြီး စာပြန်ဖတ်နေတဲ့ကောင်ကြောင့် နှုတ်ခမ်းကိုမဲ့လိုက်မိတယ် ...ပြီးတော့ ဘေးနားကနေ စာကျက်နေတဲ့ သူ့ရဲ့မျက်နှာကို ဘာရယ်မဟုတ် ငေးကြည့်နေမိတယ် ။မျက်တောင်ရှည်ရှည်တွေက လက်ကလေးနဲ့ ထိကြည့်ချင်စရာ မျက်ခုံးထူထူတွေကလည်း မျက်တောင်ရှည်တွေနဲ့ ပနံသင့်စွာ သိပ်ကြည့်ကောင်းနေပြန်သည်... *ဒီကောင်ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ ။
**နေစမ်းပါဦး ငါကရော သူ့ကိုဘာလို့လိုက်ကြည့်နေတာလဲ* ။အတွေးဆတွေကို ဖြတ်ပစ်လိုက်ပြီး စားပွဲခုံပေါ် ခေါင်းမှောက်ပြီး အိပ်နေလိုက်တယ်။သူများခုံမှာလာထိုင်ပြီး မှောက်အိပ်နေတဲ့ကောင်ကို ခန့်ထူးမောင်တစ်ယောက် ခေါင်းကိုလက်နဲ့ရိုက်ပြီးနိုးလိုက်တယ် ။
"ဟေ့ရောင် ထတော့ အိပ်ချင်ရင်မင်းနေရာမှာပဲ သွားအိပ် ဒီမှာလာမအိပ်နဲ့"
"ဘာလို့လဲ ဒီနေရာမှာအိပ်တော့ အရှေ့ဆုံးတန်းမှာ ထိုင်ပြီး အိပ်နေရင် ဆရာမငါ့ကို ဆူမှာပေါ့ကွ"
"ဆူပါစေလေ မင်းကိုဆူတာငါ့ကိုဆူတာမှမဟုတ်တာ မြန်မြန်ထဟေ့ရောင် ဒါသန့်စင်ရဲ့နေရာ "
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*