Part 5

37 3 0
                                    

Unicode

" သွန်းလေးရေ သင်တန်းသွားစို့"

"အေး လာပြီရှင်း ရေ"

"မေမေရေ သားသင်တန်းသွားတော့မယ်နော်"

သွန်းပြည့်မေမေ့အား အသိပေးကာ ကားပေါ်သို့တက်လိုက်၏။မေမေက သွန်းပြည့်တို့ဖေဖေပိုင်သည့် 'Eura'ကုမ္မဏီမှ ထုတ်လုပ်သည့် ကိုယ်ပိုင်branded 'Vercxi' ကို သူမ၏ကိုယ်ပိုင်အထည်ဆိုင်များတွင်တင်ကာ ပြည်တွင်းနှင့် ပြည်ပသို့ ဖြန့်ဝေရောင်းချခြင်းပင်။ထို့အတူ CHANEL၊ GUCCI ၊LV ၊DIORကဲ့သို့အလားတူ luxury brandများအား ကိုယ်စားလှယ်ယူကာရောင်းခြင်းဖြစ်သည်။

"ဟုတ်ပြီသားလေး သေချာသွားနော် ရှိုင်းဆက်ရောပဲ"

"ဟုတ်ကဲ့မေမေ" "ဟုတ်ကဲ့ အန်တီနန်း"

သွန်းပြည့်နှင့် ရှိုင်းဆက်တို့ မေမေ့အားပြိုင်တူပြောကာ သင်တန်းသို့ထွက်ခဲ့လိုက်ကြ၏။

....................................................................................

"အိုးဟိုး.........တစ်စုံ နှစ်ယောက်ကတော့ ငါတို့မသိအောင်တစ်ခုခုလုပ်ထား ပုံပဲနော် သုစေရေ"

"သေချာတာပေါ့ဟာ ကြည့်ရတာ အရမ်းကိုပျော်ရွှင်ခဲ့ကြပုံပဲ"

သွန်း​ပြည့်တို့နှစ်ယောက်အခန်းထဲ ဝင်ဝင်ချင်းမှာပင် ကြားလိုက်ရသော မေဖူးနှင့် သုစေ၏အသံကြောင့် နှစ်ယောက်သား မျက်ခုံးပင့်သွား၏။

"ဘာ....ဘာ တွေပြောနေတာလဲ ငါတို့ကဘာတွေပျော်ရမှာလဲ ဟုတ်တယ်မလား  ရှင်း"

"ဟုတ်တယ်လေ မင်းတို့ကလည်း ငါတို့ကဘာကိုပျော်ရမှာတုန်း"

သွန်းပြည့်သည်ရှိုင်းဆက်အားစစ်ကူခေါ်၍ ပြောလိုက်တော့ ပြာပြာသလဲဝင်၍ထောက်ခံလာလေသည်။

"ဟဲ့ နှစ်ယောက်လုံး တိတ်စမ်း နင်တို့မနေ့ကလျှောက်လည်တာ ငါတို့နှစ်ယောက်သိပြီးပြီ ပေါက်လွတ်ပဲစားစကားတွေလာမပြောနဲ့စမ်း "

"ဟုတ်တယ် မင်းတို့နှစ်ကောင်ကို မကျေနပ်ဘူး"

မေဖူးနှင့် သုစေက စိတ်ဆိုးမာန်ဆိုးနှင့်မကျေနပ်စွာပြောလာသည်။မေဖူးက သူတို့အဖွဲ့ထဲတွင်အကြီးဆုံးမို့ ​အနည်းငယ်တော့ကြောက်ရသည်ပင္။သူက လည်းသူပင် ရှင်းနဲ့သွားမယ်ဆိုတာနဲ့ သူတို့၂ယောက်ကိုတကယ်မေ့သွားတာပါ။

Falling in love with my best friendWhere stories live. Discover now