Ep - 1

15.2K 842 19
                                    

" မင်းလက်မထပ်ချင်လဲ မင်္ဂလာပွဲကို ဖျက်လိုက်လို့ ဖြစ်တယ် "

" ကျွန်တော် လက်ထပ်ချင်ပါတယ် "

" ဟုတ်ပြီ။ လျန် မင်္ဂလာပွဲစဖို့ အချက်ပြလိုက်တော့ "

" ဟုတ်ကဲ့ "

ဝမ်ရိပေါ်ဘေးက လျန်ဆိုတဲ့လူက မင်္ဂလာခန်းမထဲ ဝင်သွားတယ်။

ဒီနေ့က စီးပွားရေးလောကရဲ့ ဧကရာဇ် ဝမ်ရိပေါ်ရဲ့ မင်္ဂလာပွဲနေ့ ဖြစ်တယ်။ သူလက်ထပ်တာကတော့ သတို့သမီးတစ်ယောက် မဟုတ်၊ သတို့သား တစ်ယောက်သာ ..

ဒီ့မတိုင်ခင် ဝမ်ရိပေါ်ဟာ ရှောင်းအိမ်တော်ရဲ့ သခင်မလေးနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပေမယ့် ဘယ်လို အကြောင်းတွေကြောင့် ဝမ်ရိပေါ်ဟာ ရှောင်းအိမ်တော်ရဲ့ မွေးစားသား ရှောင်းကျန့်နဲ့ လက်ထပ်လဲ ကာယကံရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်။

ခနလောက်ကြာတော့ လျန်က အဝတ်လဲခန်းထဲ ပြန်ဝင်လာပြီး ဝမ်ရိပေါ်ကို ခေါ်သွားတယ်။

ရှောင်းကျန့် သက်ပြင်းသာ အသာချလိုက်တယ်။

" မမလေး ဘာတွေ လျှောက်လုပ်နေပါလိမ့် "

ရှောင်းကျန့်က ခပ်တိုးတိုး ရေရွတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကထိ မင်္ဂလာပွဲအတွက် ဆွေးနွေးရင်း ပျော်ရွှင်နေတဲ့ မမလေးက ဝမ်ရိပေါ် ကားမတော်တဆဖြစ်ပြီး ခြေထောက်ကျိုးသွားတယ် ဆိုတည်းက အရင်လို မဟုတ်တော့။ ဝမ်ရိပေါ်နဲ့ အပြင်အတူထွက်ဖို့ မလိုလားတော့သလို ဝမ်ရိပေါ်ကိုလဲ သိသိသာသာ ရှောင်ဖယ်လာတယ်။

ဒါပေမယ့် ရှောင်းအိမ်တော်ရဲ့ မျက်နှာကလဲ ရှိသေးတာမို့ မင်္ဂလာပွဲကိုတော့ ဆက်လုပ်ဖို့ကို မငြင်းဆို။

ဒါပေမယ့် ဘယ်သူ သိမှာလဲ။ မင်္ဂလာပွဲမတိုင်ခင်ညမှာ ရှောင်းသခင်မလေးက စာတစ်စောင်နဲ့အတူ ထွက်ပြေးသွားတော့တယ်။ အဲ့ဒီစာကလဲ ရှောင်းအိမ်တော်ရဲ့ မွေးစားသားလေးဖြစ်တဲ့ ရှောင်းကျန့်စီ ပေးထားခဲ့တာ။

" ငါတို့မိသားစု ကျေးဇူးတွေ ဆပ်ချင်ရင် ဝမ်သခင်ကြီးကို နင်လက်ထပ်လိုက် " တဲ့လေ။ ရှောင်းသခင်ကြီးတို့ လင်မယားကလဲ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ရှောင်းသခင်မလေး ထွက်ပြေးတာအတွက် စိတ်မကွက်ကြ။ ညချင်းပဲ ရှောင်းကျန့်ကို ဝမ်ရိပေါ်နဲ့ လက်ထပ်ပေးဖို့ စီစဉ်ကြတော့တယ်။

ဝမ်သခင်ကြီးနှင့် သူ၏ အသက်သည်းညှာ『Complete』Where stories live. Discover now