Part 6

50 3 0
                                    

Unicode

"အား စပ်လိုက်တာ ရှင်းရေ ငါ့ကိုရေပေးအုံး"

"ရော့ ...ဒီမှာရေ... တကယ်ပါပဲ အစပ်တွေအများကြီးမစားနဲ့လို့ပြောထားတာကို"

"ငါလည်းကြိုက်တာကိုကွ"

"အေးပါ အေးပါ ငါပဲမှားတာ ဟုတ်ပြီလား"

ထွန်းသုစေဖြိုးတစ်ယောက် ခေါက်ဆွဲစားနေရင်းမှ အရှေ့ကအဖြစ်သည်းနေသော နှစ်ယောက်အားစိတ်ပျက်သလိုကြည့်လိုက်၏။သုစေတို့သုံးယောက် ရှိုင်းဆက်၏အိမ်တွင် spicyခေါက်ဆွဲနှင့် အကင်များလုပ်စားနေကြခြင်းပင်။မေဖူးကတော့သူ့အဖွားတို့အိမ်သွားမည်ဆိုကာ မပါခဲ့ပေ။

"ရှိုင်းဆက္ မင်းကလည်းအကဲပိုလိုက်တာကွာ spicyစားပါတယ်ဆို အနည်းနဲ့အများတော့စပ်မှာပေါ့ ဟိုကောင်သွန်းပြည့်ကလည်း ရှိုင်းဆက်ကို သူ့လင်များမှတ်နေလားမသိဘူး အကဲကိုပိုတယ်"

"အောင်မာ မင်းတောင်အဲ့လိုလုပ်ပေးမယ့်လူမရှိလို့မနာလိုနေတာမလား "

သွန်းပြည့်က သုစေ၏အပြောကိုပက်ကနဲ​ပြန်ပြောလာခြင်းပင်။ဒီကောင်ကလေ အရမ်းစွာတာ။တကယ်အမြင်ကတ်စရာ။

"ဘာမနာလိုစရာရှိလို့လဲ ငါကကိုယ့်ဘာသာလက်အကောင်းခြေအကောင်းနဲ့လုပ်နိုင်တယ်လေ"

သုစေလည်း သွန်းပြည့်မခံချင်အောင်တမင်ပြောလိုက်သည်။သူ့ကိုစရတာ ပျော်ဖို့ကောင်းသည်လေ။

"ဘာ...မင်းဘာပြောတာလဲ "

"မြင်တဲ့တိုင်းပဲလေ ဗက်ဟက်ဟက်"

သုစေ သွန်းပြည့်အားပြောင်ပြကာ ခြံထဲသို့ပတ်ပြေးလိုက်သည်။သွန်းပြည့်သည်လည်း အနောက်ကနေ ဆဲဆိုကာလိုက်နေသည်ပင်။

"ခွေးကောင် သုစေ မင်း မိလို့ကတော့သေပြီသာမှတ်"

"ဟား ဟား မင်းသာအရင်မီအောင်လိုက္စမ်းပါ သွန်းပြည့်ရ"

ရှိုင်းဆက်ကတော့သူတို့နှစ်ယောက်ကို မနိုင်ဘူးဟူသောအကြည့်ဖြင့်ကြည့်ကာ အသားများကိုဆက်ကင်နေ၏။

"ဟို နှစ်ကောင်လာကြတော့ နေကပူနေတာကိုဘာလို့ပြေးနေကြတာလဲ"

Falling in love with my best friendWhere stories live. Discover now