Chapter 15_Z🚨🚨

7.9K 176 2
                                    

မြို့ပေါ်ရှိခြံတွင် ဆိုင်ဆောက်ခြင်းပြီးစီးသွားပြီးနောက် စောမောင်တို့လင်ခင်ပွန်းနှစ်ယောက် ဆိုင်ဖွင့်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ဝယ်ခြမ်းကြရပြန်သည်။

အိမ်အသစ်အတွင်း ပစ္စည်းများ နေရာချခြင်း၊ ဆိုင်အတွက် ပစ္စည်းများဝယ်ခြမ်း နေရာချခြင်း စသဖြင့် ဟန်လေးတို့လင်ခင်ပွန်းနှစ်ယောက်မှာ လုံးဝမအားလပ်။

ဒါတောင် ဟန်လေးတို့လက်ရှိနေသည့် အိမ်တွင် ပစ္စည်းအနည်းငယ်ကျန်သေးသည်။

ဒီနေ့တော့ လင်ခင်ပွန်းနှစ်ယောက် ကမ်းပါးရွာမှ အိမ်တွင်ကျန်ရှိနေသေးသည့် ပစ္စည်းအားလုံးအား ခက်လက်မြို့ပေါ်တွင်ရှိသော အိမ်သို့ပြောင်းရွေ့ဖို့ စီစဉ်ထားသည်။

မိုးတွင်းသို့ ဝင်လာပြီမို့ ဒီရက်ပိုင်းမှစပြီး မိုးရွာနှုန်းက တဖြည်းဖြည်းများလို့လာနေသည်။

မိုးတွင်းတွင်တော့ စောမောင်တို့လို မြင်းလှည်းသမားများက အလုပ်သိပ်မဖြစ်။

တော်တော်များများက အလုပ်နားကြသည်။

စောမောင်တို့ လင်ခင်ပွန်းနှစ်ယောက်ကတော့ ဒီနေ့ရဲ့ရာသီဥတုအခြေအနေက မိုးရွာမည့်ပုံမပေါ်တာကြောင့် ကျန်ရှိနေသေးသည့် ပစ္စည်းအားလုံးကို ရွှေ့ဖို့ ပြင်ဆင်ကြတာပင်။

"ဒီတစ်သုတ်ပြီးရင် ပြီးပါပြီ ... မိုးမရွာခင်လေး ကိုယ်သွားလိုက်ဦးမယ်"

"ဟန်လေးလည်း လိုက်မယ်လေ ... နှစ်ယောက်ဆိုတော့ မြန်မြန်ပြီးတာပေါ့"

ဟန်လေးက လိုက်ချင်သော်လည်း စောမောင်ကတော့ ဟန်လေး မိုးမိမှာစိုးသဖြင့်တားသည်။

"မိုးရွာလာရင် မိုးမိနေမှာစိုးလို့ မလိုက်ပါနဲ့လား"

"ဘာမှမဖြစ်ပါဘူး အကိုရဲ့ နှစ်ယောက်သိမ်းတော့ မြန်မြန်ပြီးပါတယ် ... လာ ပြောနေရင်ကြာတယ် ... မြန်မြန်သွားကြမယ်"

ဟန်လေးက ပြောရင်းဆိုရင်းပင် တက်တက်ကြွကြွဖြင့် မြင်းလှည်းပေါ်သို့တက်သွားသည်။

စောမောင်ကတော့ ခြံတံခါးအား သော့ခတ်ပြီး ဟန်လေးနောက်မှ မြင်းလှည်းပေါ်သို့တက်လာ၏။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now