အခန်း ၃ အပိုင်း ၃
ယွမ်ကော်က အိပ်ယာမှ ထကာ သူမသခင်မလေး၏ အပြင်ဘက်အဝတ်အစားများကို ကောက်ယူလိုက်ပြီး သူမသခင်မလေး၏ခန္ဓာကိုယ်ပေါ်တွင် ခြုံထားပေးလိုက်သည်။ ထိုအရာများကို မနေ့ညက ရွှေဆံထိုးကို ပေါင်ပြီး ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုမင်္ဂလာဝတ်စုံက နောက်တစ်ကြိမ်ထပ်ဝတ်ရန် မသင့်တော်သော်လည်း နောက်ထပ်ဝယ်လာသောဝတ်စုံကလည်း အနီရောင်တောက်တောက်ဖြစ်နေဆဲပင်။
ယွမ်ကော်က သူမသခင်မလေး၏ခံစားချက်ကို အကြမ်းဖျင်း နားလည်နိုင်သည်။ သခင်ကြီးနှင့် သခင်လေးတို့အကြောင်း သတင်းမရသေးသရွေ့ စစ်မြေပြင်တွင် သေဆုံးသွားသော လူနှစ်ဦး အမှန်တကယ်ရှိခဲ့သည်ဟု သခင်မလေးက မယုံနိုင်သေးပေ။ ရလဒ်အနေဖြင့် သူမက သူတို့၏ ကံကြမ္မာဆိုးများကို တိုးလာမည်ကို ကြောက်သဖြင့် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ရန် ငြင်းဆိုနေခဲ့သည်။
အမှန်တကယ်တွင် သူမ၏သခင်မလေးက ခေါင်းမာသူတစ်ယောက် ဖြစ်သည်။
"ယွမ်ကော်၊ စားပွဲထိုးကို ရေနွေးနဲ့ မနက်စာမှာထားလိုက်၊ ငါတို့ စားပြီးရင် ထွက်သွားကြမယ်" ရှောင်းယိုနဥ်က သူမ၏ အပြင်ဘက်အဝတ်အစားကို ကိုယ်တိုင်ဝတ်ဆင်ကာ အိပ်ယာမှ ထပြီး မှန်တင်ခုံဆီသို့ သွားကာ သူမ၏ဆံပင်များကို စတင် ဖြီးသင်လိုက်သည်။
ယွမ်ကော်က သက်ပြင်းချလိုက်သည်။
မနက်စာစားပြီးနောက် ရှောင်းယိုနဥ်က လန်းဆန်းတက်ကြွသော စိတ်ဓာတ်များဖြင့် အပြင်သို့ ထွက်ကာ ယခင်က သူမ၏ဖခင်နှင့် အကိုကြီးအား သိကျွမ်းခဲ့ကြသူများ၏ အိမ်များကို စတင်ရှာဖွေတော့သည်။
"—ကျွန်တော်တို့သခင်က မနေ့ညက ပြန်မလာဘူး။ တောင်းပန်ပါတယ် ရှောင်းသခင်မလေး "
မနက်အစောကြီးကတည်းကနေ အခုချိန်ထိ ထိုကဲ့သို့ အသံမျိုးကိုသာ ကြားနေရသောကြောင့် ရှောင်းယိုနဥ်က သူမရှေ့မှ တံခါးများ ပွင့်လာပြီး ပြန်ပိတ်သွားသည့် အကြိမ်အရေအတွက်ကို တွေးရင်း ဝမ်းနည်းနေပြီ ဖြစ်သည်။
"ဒီလူတွေ!"
ယွမ်ကော်၏မျက်နှာက အလွန်နီရဲနေပြီး ဒေါသကြောင့် သူမ၏လက်များ တုန်သွားသည်အထိ စိတ်ဆိုးနေသည်။ ယနေ့တွင် သူမတို့က "လူ့မှုဆက်ဆံရေးက နူးညံ့သိမ်မွေ့ပြီး လူ့စိတ်က အေးစက်တယ်" ဟူသော စကားစု၏ စစ်မှန်သော အဓိပ္ပါယ်ကို သိရှိခဲ့ရသည်။
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...