Unicode
ရက်သတ္တပတ်များစွာ ကုန်လွန်ပြီးနောက် ဆောင်းဦးရာသီဆီသို့ပင် ရောက်လုလေပြီ....။
ထယ်ယောင်းနဲ့ ဂျောင်ဂုမှာလည်း နေ့စဥ်စကားပြောဖြစ်ကြပြီး တစ်ယောက်အခန်း တစ်ယောက်လည်ပတ်ရင်းပင် အတော်အတန်ရင်းနှီးနေကြသည်။
ပန်းချီဆွဲနေသည့် ထယ်ယောင်းကိုကြည့်ရင်း ရက်အတော်အများကို ကုန်ဆုံးနေရသည်ကိုပင် ဂျောင်ဂုနှစ်ခြိုက်လာခဲ့လေပြီ။
CFရောဂါသည်နှင့် နီးနီးကပ်ကပ်နေခွင့်မရှိပါသော်လည်း ထယ်ယောင်း၏တာဝန်ခံဒေါက်တာ့ကို နှစ်ယောက်လုံး အသနားခံကာ ခွင့်တောင်းထားသည်မို့ နှစ်ယောက်တစ်ခန်းလိုပင် ဖြစ်သည်အထိ သူတို့နှစ်ဦးစလုံး အချိန်အတော်အများမှာ အတူတူရှိဖြစ်ကြ၏....။
အချိန်တော်တော်များများကိုတော့ ထယ်ယောင်းအခန်းမှသာ အချိန်ကုန်ဖြစ်ပါသည်။ အကြောင်းကတော့ ကောက်ကွေးကောင်လေးက သူ့အခန်းကိုသာပိုသဘောကျသည်မို့ပင်...။
Vincent Van gogh၏ပန်းချီကားအတိုင်း ခြယ်သထားသည့် သူ့အခန်းဟာ နက်ပြာရောင်ညခင်းထဲ ကြယ်ဝါလေးတွေရှိနေသည့် သဏ္ဍာန်မို့ ဘယ်အချိန်မြင်မြင် မျက်စိအေးစေသည်။
မျက်နှာကျက်တွေအထိပါ နက်ပြာရောင်အောက်ခံနှင့်ကြယ်ဝါလေးကို ခြယ်သထားသည်မို့ ပန်းချီကားထဲ ရောက်သွားသလိုပင် ခံစားရပါသည်။
''ချန်ပီယံကြီး''
နာမည်ကိုသာခေါ်ဖို့ပြောထားသော်လည်း ထိုကောင်လေးဟာ အဲ့ဒီနာမ်စားကိုသာ ခေါ်ပါသည်။
''ခင်ဗျားအသံကောင်းလား''
အပြင်ဘက်ကိုအကြည့်မပြတ်ဘဲ ပြောနေသည့်ကောင်လေးအနား သွားကာ
''နားထောင်ချင်လို့လား''
''အင်း...။ပန်းချီလဲမရေးချင်ဘူး။စာလည်းမဖတ်ချင်ဘူး။''
''ကောင်းပြီ။ ဘာသီချင်းနားထောင်ချင်လဲ။''
ဆိုပြလိမ့်မည်ဟု မမျှော်လင့်ထားသည်နှယ်
မျက်လုံးများအရောင်လက်က လှည့်ကြည့်လာပြီး''photograph ...''
ကောင်လေးက မျက်ခုံးလေး တစ်ဖက်ပင့်ကာ ပြုံးရွှင်စွာပြောလိုက်ပြီး
YOU ARE READING
𝙻𝚘𝚟𝚎 𝙳𝚒𝚊𝚛𝚢 {𝚂𝚑𝚘𝚛𝚝 𝚂𝚝𝚘𝚛𝚢}[𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]
Fanfictionတွေ့ဆုံမှုဟာ ဝမ်းနည်းစရာလား? ကြေကွဲစရာလား? ကျွန်တော့်အတွက်တော့ လှပတဲ့ဒဏ္ဍာရီလေးပဲ ဖြစ်မယ်ထင်....။ Started date : December 7,2023. Ended date :December 11,2023.