လရောင်ဆမ်းသည့်ပုံပြင်ဟောင်းလေး ပြီးခဲ့ချေပြီ (Final)

1.2K 164 22
                                    

သော့ချက်ဆိုတာ ကောင်းတဲ့အရာတွေအတွက် အားသာချက်ဖြစ်နိုင်သလို မကောင်းတဲ့အရာတွေရဲ့ အားနည်းချက်လည်းဖြစ်နိုင်တယ်။

ဒါပေမဲ့....ရွေးချယ်ခွင့်မရတဲ့ကိုယ့်ရဲ့သော့ချက်ကတော့ မကောင်းတဲ့ဖြစ်တည်မှုနဲ့သာပတ်သတ်နေခဲ့ရတယ်။ ကိုယ်နောင်တမရတဲ့ဖြစ်တည်မှုလေးပေါ့လေ။

ချစ်တယ် ထယ်။

Tale of the Moonlight (Final)

"ထယ်"

"ဟင်"

"ခဏလောက်ထပါလား"

ညနက်ပိုင်းကြီးအိပ်ပျော်နေသည့်သူ့ကို လာနှိုးသည့် ဂျွန်။ အိပ်မှုန်စုံမွှားဖြင့် ထယ်ယောင်းထလိုက်ကာကြည့်တော့ ဂျွန်က ဘာမှမပြောခဲ့။ ခပ်စိတ်စိတ်သာကြည့်နေခဲ့သည်။

"ငါ့ကိုဘာပြောစရာရှိလို့လဲ ဂျွန်"

"ကိုယ်နဲ့အတူတစ်နေရာသွားကြမလား"

"အင်း"

အပြုံးလေးတစ်ခုပေးရင်း လက်လာတွဲတဲ့ထယ့်ကိုကြည့်ရင်း ဂျောင်ကုရင်ထဲစို့လာခဲ့သည်။ သို့ပေမဲ့လည်း တက်လာတဲ့မျက်ရည်တွေကိုပုတ်ထုတ်ရင်း ရှေ့ကဦးဆောင်ရင်းသာထွက်ခဲ့လိုက်သည်။

ကျေးဇူးတင်ပါတယ် ထယ်။ မေးခွန်းတွေမမေးခဲ့ပဲ ကိုယ့်နောက်လိုက်ခဲ့ပေးလို့ ကိုယ်တကယ်ကျေးဇူးတင်ပါတယ်။

"ဂျွန် ဒီနေရာက...."

ကားလမ်းကျယ်ကြီးဘေးရှိ လယ်ကွင်းကျယ်ဖြစ်ခဲ့ပုံရတဲ့ မြေပြင်ကျယ်။ မြက်ရိုင်းရှည်တွေဟာ လရောင်အောက်မှာလေပြေနဲ့အတူဝဲခါနေကြရင်း။

"ဂျွန် ဘယ်သွားမလို့လဲ"

ဆွဲထားသည့်လက်ကို မင်းဖြုတ်ခဲ့တယ် ဂျွန်။ ငါ့ကိုတစ်ဦးတည်းထားခဲ့ရင်း ၊ မင်းငါ့ရဲ့ အဝေးဆီသွားခဲ့ရင်း ကျောပေးကာရပ်နေခဲ့တယ်။

ထယ်ယောင်းခြေလှမ်းတွေမရွေ့ခဲ့ပါ။

မင်းဘယ်သွားတာလဲ ဂျွန်။ ဒီနေရာ....ဒီနေရာကငါ့အတွက်တစ်မျိုးကြီးပဲ။

"ထယ် ဒီနေရာ‌ကလေ ကိုယ့်ဘဝရဲ့အမှန်တရားတွေအားလုံး စတေးခံခဲ့တဲ့နေရာပဲ"

"ဟင် ဘယ်လို"

"ကိုယ့်ဒိုင်ယာရီအနီလေးက......ဒီမြေကြီးထက်မှာတင် တစ်စစီပျက်စီးခဲ့ရတယ်လေ"

Tale of the Moonlight 𐤀 [Completed]Where stories live. Discover now