ရုံးကားပေါ်ကအဆင်းမိုးတွေ ရွာလာတာမို့လို့ ထီးဆောင်း ပြီးဘေးလွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ပိုက်ရင်း နွေမင်း အိမ်ပြန်လာခဲ့သည်။ရုံးကားကလည်း ရပ်ကွက်လမ်းထိပ် မှာသာရပ်သည်မို့ ထီးကိုလုံအောင်ဆောင်းနေပါသော်လည်း လေပါသည်မို့ အတော်အတန်စိုနေပြီဖြစ်သည်။နွေမင်းကနာမည်အတိုင်းနွေရာသီမှာမွေးပြီး မိုးရွာလျှင်စိတ်ကမကြည်တတ်။
"ကျစ်..မိုးကလည်းရွာနေတာလိုက်တာ လွမ်းချင်စရာ အဲ့တာတွေမကြိုက်တာ ဘာကိုလွမ်းရမှန်းကိုမသိဘူး"
"ဝေး...ဂိုးပြီကွ.."
နွေမင်းအိမ်မရောက်ခင် နှစ်အိမ်ကျော်လောက်တွင် ကလေးတစ်အုပ်ဘောလုံးကန်နေကြသည်။ကလေးများအကြားတွင် ထိုးထိုးထောင်ထောင်နှင့် ကလေးကြီးတစ်ယောက်ကိုမြင်ရလေသည်။နွေမင်းမမြင်ဘူးသောကောင်လေးဖြစ်သည်း
"ကိုဝီးသန် ကိုဝီးသန် သားကိုပေး.."
"ဟေ့ကောင်တွေလူလာနေတယ် သတိထားဦးထိမိမယ်"
အကြီးပီပီ ကလေးတွေကိုထိန်းကျောင်းနေတဲ့ပုံလေးမြင်တော့ နွေမင်းစိတ်ထဲအမှတ်ပေးမိလေသည်။
"ဟာကိုကြီးနွေမင်း အလုပ်ကပြန်လာပြီလား"
"အေး မင်းတို့လည်းအကြာကြီးမဆော့နဲ့အအေးပက်မယ်"
"ဟုတ်ကိုကြီးနွေမင်း"
ဝှီး......ဘုတ်...အင့်...
"ဟာ...."
ကျောကိုလာမှန်တဲ့ဘောလုံးကြောင့်လူမှာအင့်ခနဲ။ခြေလှမ်းများပင် ရှေ့သို့ယိုင်သွားရသည်။
"ကျစ်...ဘယ်သူလဲကွာ"
မျက်မှောင်ကျုံ့မိကာ အနောက်ကိုလှည့်ကြည့်မိတော့ ဟိုကလေးကြီးလေး ဝီးသန်။အစောကပေးထားသောအမှတ်ပင်ချက်ချင်းပြန်လျှော့ပစ်လိုက်သည်။ကျွန်တော်လှည့်ကြည့်တော့ဇက်ကလေးပုသွားပြီး ကျွန်တော့်အနားကိုပြေးလာသည်။
"sry အစ်ကိုကြီး သားတောင်းပန်ပါတယ် မရည်ရွယ်ပါဘူး ကန်တော့ကန်တော့"
လက်အုပ်ကလေးကလည်းချီကာ ဦးချသလိုခေါင်းကိုငုံ့နေလေသည်။