....မင်းသည်သာ...🍁🍁🍁...
...အပိုင်း (၉)"သော...ပေး..ထပ်ပေးဦး..ဒီမှာ.တန်းတွေက.အများကြီး ရှိနေသေးတယ်..ထပ်ပေး.."
တစ်မနက်ခင်းလုံး..သော..နဲ့ဂျီမင်း..ပန်းစဥ်တွေကို ရိုက်ပြီး..ထိုစဥ်ပေါ်ကို..သစ်ခွပင်လေးများကို..ချိတ်ဆွဲနေကြလေသည်..ပန်းစဥ်ကနည်းနည်းမြင့်တာမို့....ဂျီမင်း လှေကား ထောင်ကာ..ထိုပေါ်မှ.နေပြီး..အောက်ဖက်ကနေ..သော...ကသစ်ခွပန်းအိုးလေးတွေကို..တစ်ခုချင်းပေးနေလေသည်....။
"အစ်ကိုလေး..အိုးတွေက..တအားကပ်နေတော့..မလှတော့ဘူး..ပြီးတော့..ကပ်လွန်းရင်..အရွက်အချင်းချင်းထိကပ်ပြီး.ညှိုးကုန်လိမ့်မယ်..."
"အော်...အဲလိုဖြစ်တက်တာလား..အဟီးငါလည်းမသိဘူး..."
ကျွန်တော်လည်းသေချာမသိဘူးဆိုတဲ့စကားကိုတော့...သော...စိတ်ထဲတွင်သာပြောနေမိလေသည်...။
"နေဦး..ငါဟိုဘက်နည်းနည်းပြန်တိုး.. အမေ့ရေ....."
"ဟာ...အစ်ကိုလေး..."
ဂျီမင်း လှေကားပေါ်ကနေ..သူ့ကိုယ်လေးကိုယိမ်းကာ..ရှေ့ကို..တိုးတော့..မြေပြင်က..မညီတဲ့လှေကားလေးက..စောင်းကျသွားလေသည်...၊သော..လည်း..ဂျီမင်းပြုတ်ကျသွားသည်ကိုမြင်တာနဲ့..လက်ထဲက.ပန်းအိုးတွေကို.ပြစ်
ချကာ..ဂျီမင်း ကိုယ်လေးကို.အမီအရ..ပွေ့ယူလိုက်ဖမ်းထားလိုက်သည်၊..လှေကားက. သူတို့အပေါ်မကျအောင်..ခန္ဓာကိုယ် ကို..တစ်ပတ်နှစ်ပတ်မျှ..လှိမ့်လိုက်သည်....။
ခု..သူနဲ့ဂျီမင်းပုံစံကတော့...ဂျီမင်းကသူ့ရင်ဘတ်ပေါ်ရောက်နေပြီး..သူကတော့..အောက်ကမြေကြီးနဲ့..မိတ်ဆက်လေသည်....။"အ့...သော...မင်းအဆင်ပြေရဲ့လား..အား..."
"အစ်ကိုလေး..ဘယ်နားထိသွားသေးလဲ.ကျွန်တော်က..အဆင်ပြေတယ်....."
"အဲ..ဒါ..က..ဘာ..ဖြစ်..နေ...ကျ
...တာလဲ...."မိုးခြိမ်းသံလားအသံက..ပဲ့တင်ထွက်လာသည်..တစ်ဆက်တည်း..ဆိုသလို..ဂျီမင်းကိုယ်လေးကိုလည်း..လက်မောင်းရင်းမှ..ဆွဲထူးလိုက်ပြီး..သူ့နောက်ကို ပို့လိုက်ကာ...မြေပြင်မှာလှဲကျနေတဲ့..သော..ကိုရင်ဘတ်အင်္ကျီစမှကိုင်ကာဆွဲထူလိုက်ပြီး...ခွပ်ခနဲထိုးချလိုက်သည်....။
YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...