၂၉ (part - 1)

576 53 14
                                    

လူ့စိတ်ဆိုတာကလည်း အတော်ကိုဆန်းကြယ်လှတဲ့အရာတစ်ခုမဟုတ်လား။
လူတစ်ယောက်က ကိုယ့်ကိုလိုအပ်နေပြီး ဂရုစိုက်မှုတွေနဲ့အမြဲအနားမှာရှိနေတဲ့အချိန်မှာကျတော့ ကိုယ်ကသူ့ရဲ့တည်ရှိမှုကိုလျစ်လျူရှုမိနေတတ်ပြီး သူကိုယ့်အနားကထွက်ခွာသွားပြီ ၊ သူ့ရဲ့ဂရုစိုက်မှုတွေကိုဆုံးရှုံးရပြီဆိုမှ သတိဝင်ပြီးပြန်ပိုင်ဆိုင်ချင်တာမျိုး။

ဒီလိုလူမျိုး ဆုံးရှုံးမှုနဲ့ပဲထိုက်တန်တယ်လို့ လူတွေသတ်မှတ်ကောင်းသတ်မှတ်ကြလိမ့်မယ် ။ တကယ်ထိုက်တန်မတန်ကတော့ ကာယကံရှင်နှစ်ယောက်ကြားထဲက သံယောဇဥ်အတိမ်အနက်နဲ့ပဲ ညီမျှခြင်းချတာ။

ခီရာ့အတွက်တော့ မဟူ့ရဲ့စွန့်ခွာမှုဟာ ဆုံးရှုံးမှုကြီးတယ် ။ သူ့အနေနဲ့ ခံစားချက်ဆိုတဲ့အရာကိုသိပ်အရေးမထားချင်ပေမဲ့ တစ်ယောက်ထဲရပ်တည်ရလို့ကျပ်တည်းလာချိန်မှာ အမြဲကမ်းလင့်နေကျ လက်တစ်စုံရဲ့နွေးထွေးမှုကိုတမ်းတမိတာတော့အမှန်။

အထူးသဖြင့် အခုလိုအချိန်မှာ ။
လွန်ခဲ့တဲ့သုံးရက်က ခီရာက သူ့ကိုလူလည်ခေါင်မှာစကားနဲ့ရန်စ,ခဲ့တဲ့ဟန်ထူးဈာန်ကို လက်ဗလာနဲ့သတ်ပစ်ခဲ့တယ် ။ ဒီကိစ်စဟာ ကျန်းမာရေးဆိုးဝါးနေပေမဲ့ လက်ရှိအချိန်ထိအာဏာပြင်းနေသေးတဲ့ ဦးတေဇခီရာကြောင့် ငြိမ်နေကြတဲ့ နှစ်ဖက်အာဏာလိုချင်တဲ့အဖွဲ့အစည်းတွေကိုမီးထိုးပေးလိုက်သလိုဖြစ်သွားခဲ့တယ် ။

ပြသနာဟာ ဘယ်လောက်အထိကြီးသွားသလဲဆို ဟန်ထူးဈာန်ရဲ့အဖေက သူ့သားရဲ့သေဆုံးမှုအတွက် တရားမျှတမှုရဖို့ကိူ သက်ဆိုင်ရာအထူးမှုခင်းစုံစမ်းရေးအဖွဲ့ဆီကိုတိုင်ကြားခဲ့တယ်။ ဘယ်ကဘယ်လိုအစပေါက်ကြားသွားလဲမသိပေမဲ့ သတင်းဟာဟိုးလေးတကြော်ကြော်နဲ့ မီဒီယာတွေပါစိတ်ဝင်စားလာတဲ့အထိပဲ။

ခီရာ့ကိုထောက်ခံတဲ့ ဂိုဏ်းဘက်အဖွဲ့အစည်းတွေနဲ့ မဟာအံ့ဝန်းသိုကိုထောက်ခံတဲ့ဂိုဏ်းဘက်အဖွဲ့အစည်းနှစ်ခုဟာ တွေ့လိုက်တာနဲ့သူသေကိုယ်သေဆိုတဲ့အခြေအနေဖြစ်နေကြပြီး ဂိုဏ်းကလည်းအတော်ဖရိုဖရဲဖြစ်နေခဲ့တယ် ။

အပြင်ဘက်မှာ ခီရာဟာတရားခံလို့ မီဒီယာတွေကပါအထောက်အထားတွေနဲ့ဖော်ပြနေပေမဲ့ ခီရာဟာအခုထိအစစ်အဆေးမခံရသေးဘဲ သူဟာသူ့ရဲ့နေအိမ်မှာအေးဆေးစွာရှိနေတုန်းပဲဖြစ်တယ် ။ သူဟာ သူ့ဖခင်ရဲ့အခန်းထဲမှာ တည်ငြိမ်စွာထိုင်လို့နေတယ် ။

နိယာမ(Desire)    [ခေတ္တရပ်နား]Hikayelerin yaşadığı yer. Şimdi keşfedin