-ရူးသွပ်ခြင်း(၂)-
မြသည် ကိစ္စများရှင်းစရာရှိတာရှင်းပြီးနောက် တီဗီရှေ့ပြန်ထိုင်လိုက်သည်။ အချိန်ကားည၉နာရီကျော်ခန့်။
မိုးရွာထားသဖြင့် ဖားအော်သံများကြားနေရသည်။ ရာသီဥတုသည်လည်း ခပ်အေးအေးရှိလှသည်။
မြသည် အနွေးထည်တစ်ထည်ကောက်ဝတ်ထားကာ တီဗီမှကျပန်းလိုင်းအားရွေးလိုက်သည်။ သို့သော်မြသည် တီဗီကြည့်မနေပါ။ တီဗီဖွင့်ထားရသည်မှာ လူနည်းသည့်အိမ်တွင် တီဗီတစ်လုံးရှိပါက နွေးထွေးမှုအနည်းငယ် ခံစားရသည်ဟု ထင်သောကြောင့်ဖြစ်ပါလိမ့်မည်။
"မိုးသည်းထန်မှုကြောင့် သစ်ပင်များ လဲကျနေသဖြင့် ကားသတိထားမောင်းကြရန်"
ဟူသောသတင်းကြေညာချက်အား တီဗီမှ သတင်းကြေညာသူတစ်ဦးမှကြေညာလျက်ရှိသည်။ မြသည် လက်ထဲရှိဖုန်းအားခဏချကာ နာရီအား ရှုတည်တည်ဖြင့် ကြည့်နေလိုက်သည်။ မြ၏အတွေးတို့သည် ယခုအချိန်၌ ဗလာဖြစ်နေသည်။ ရင်ထဲတွင် အလွန်လေးလံနေပါသော်လည်း မြ၏မျက်နှာသည် အေးစက်စက်မျက်နှာထားဖမ်းထားသည်။
"ယနေ့ ည၈နာရီခန့်တွင် -တံတားအနီးယာဉ်တိုက်မှုဖြစ်ပွား"
"ဘုန်း-"
မြသည် ရုတ်တရပ်ခုံပေါ်မှထလိုက်မိသည်။ မြကိုယ်တိုင်တောင်မသိလိုက်ပဲ မြ၏ခန္ဓာကိုယ်သည် အတော်ကိုတုံ့ပြန်နိုင်လွန်းသည်။ မြ၏လက်ဖျားများအေးစက်နေသည်။ မြသည်စိတ်အားငြိမ်အောင် အသက်ရှူလိုက်သည်။
စိတ်ထဲတွင်လဲ သူ မဖြစ်နိုင်ပါဟု တစ်သတ်မှတ်တွေးကာ သတင်းအားပြန်အာရုံစိုက်လိုက်တော့ ထိခိုက်မိသူများသာရှိသည်။ သေဆုံးသူမရှိဟုဆိုသောကြောင့် ကားမောင်းလာသူတို့အား မေတ္တာပို့ပေးမိသည်။
"အားလုံးအဆင်ပြေပါစေ ထိခိုက်ဒဏ်ရာမများကြပါစေနဲ့"
မြသည် ဘုရားစင်ရှေ့မတ်တပ်ရပ်ကာ ဆုတောင်းပေးနေလိုက်သည်။ မကြာမှီပင် မြ၏ဖုန်းမြည်လာသည်။
"တီ တီ-"
"ဟယ်လို"
"ဟယ်လိုမမမြ"
YOU ARE READING
Mya
Romanceမသိခြင်းတွေဟာ သိခြင်းဖြစ်ပြီး သိခြင်းတရားကို မောင်က မရှာဖွေခဲ့ပါ။ မြသည်လည်း ထုတ်ပြတတ်သူမဟုတ်ခဲ့ရာ မောင်သည် မြအား ထိုနေ့တွင် ထုတ်ဖော်မေးလာမည်ဟု မြတစ်ယောက် မထင်ခဲ့ပါ။ -ရှောင် Photo credit to rightfully to Artist 🙇🏻♀️💜 Uni+Zawgyi (parts 30+6 extras...