Unicode
" ဒီအိမ်မှာ ဝန်းငယ်စိတ်ကြိုက်နေလို့ရတယ်..ပျင်းရင်တော့ စံအိမ်ဘက်သွားကြည့်ပေါ့..ဒါပေမဲ့ စံအိမ်ကပိုပျင်းဖို့ ကောင်းတယ်.."
ကုတင်ထက်မှာကုတ်အင်္ကျီကို အသာချလို့ဆိုတဲ့ ဂျုံဆောင်းအား အခန်းကိုလှည့်ပတ်ကြည့်ရင်း ဂျောင်ဝန်းခပ်သာသာခေါင်းညိတ်ပြမိသည်။ ကိုယ်တိုင်လည်း အပေါ်ကုတ်ကိုချွတ်ကာ လက်မှာချိတ်ထားရင်းနှင့်..။ ကာကီရောင်အခန်းအပြင်ဆင်က အထက်တန်းဆန်တာမှန်ပေမဲ့ စိတ်ကိုမှိုင်းစေသလိုခံစားရသည်..။ သို့ပေမဲ့ ဒါကိုဂျုံဆောင်းက ကြိုက်နှစ်သက်ရင် သူကအပြစ်ဆိုစရာမရှိ..။
" စံအိမ်ကဘာလို့ပျင်းစရာကောင်းမှာလဲ ..."
" ကိုယ်မရှိလို့လေ.."
ဂျောင်ဝန်းတိုးတိုးလေးရယ်ရင်း ဂျုံဆောင်းလက်မောင်းအားဖွဖွလေးရိုက်ကာ..
" ဒါဆို ရေချိုးဦးမယ် ကျွန်တော်တစ်ကိုယ်လုံးညောင်းနေပီ.."
" အင်း ကိုယ် ရေနွေးလေးနဲ့စပ်ထားပေးမယ်... ခဏစောင့်.."
သုံးနာရီကြာတဲ့ပွဲအခမ်းအနားက ဘာမှမဟုတ်သော်ငြား သုံးနာရီမတိုင်ခင်ထဲကပြင်ဆင်ကာ အရင်ရက်တွေထဲက ဒီမင်္ဂလာပွဲအတွက် လူပင်ပန်းစိတ်ပင်ပန်းရသည်..။ ကိုယ်ချစ်တဲ့လူနဲ့လက်ထပ်ရတာက ပြဿနာမဟုတ်ပေမဲ့ နှစ်ဖက်အသိုင်းအဝိုင်းက ပေါင်းစပ်ဖို့ညှိနှိုင်းရတာခက်ခဲသည်..။
ခြေထောက်အနည်းငယ်ညောင်းနေပီမို့ နှင်းဆီပွင့်ဖတ်တွေနဲ့ အလှဆင်ထားတဲ့ ကုတင်ပေါ်ကို အားမနာနိုင်ဘဲ ပစ်လှဲချလိုက်သည်..။ အပြင်မှနေရောင်ဟာ နေဝင်ခါနီးမို့ပြတင်းပေါက်မှ အဖြူရောင်လိုက်ကာစကို ထိုးဖောက်လို့ အခန်းတွင်းဖြာကျလျက်ရှိသည်..။
" တအားပင်ပန်းနေတာလား.. "
ဘေးဘက်ကုတင်နားမှာ အိခနဲခံစားလိုက်ရပီးတဲ့နောက် ဆံပင်ကိုခပ်ဖွဖွသပ်ကာဆိုလာတဲ့ စကားသံကြောင့်ခေါင်းကိုခါပြကာ ကုတင်ထက်မှထသည် .။
" ခြေထောက်ညောင်းတာ...ရေတောင်မချိူးချင်တော့ဘူး.."
" ကိုယ်ချိုးပေးရမလား.."