တိမ်တွေက အချစ်ကြောင်းပြောကျတယ်
(Clouds talk about love)၂၀၁၀ ခုနှစ်
မိုးတွေ ဝုန်းဒိုင်းကျဲရွာနေသော ညတစ်ည။
ကြီးမားသောဂေဟာ အိမ်ကြီးတစ်လုံးအတွင်းမှာ အော်ဟစ်သံနှစ်သံကိုကြားနေရသသည်။တစ်သံက ဦလေးကြီးတစ်ယောက်ရဲ့အသံ၊ နောက်တစ်သံက ကောင်လေးတစ်ယောက်ရဲ့ အသံ။ဂေဟာအိမ်ကြီး၏ ဂေဟာတံခါးကို ဦးလေးကြီးက ဝုန်းခနဲ
ဆွဲဖွင့်လိုက်သည်။ ရေစက်တွေ ဂေဟာထဲ ဖွားခနဲ လာစင်သည်။
´´ဦးလေး ....ဘာလုပ်မလို့ လဲ ''
´´ဟီးဟီးဟီး....မင်း ဘာမှမမေးနဲ့ လာစမ်း''
ဦးလေးကြီးက ကြောက်မက်ဖွယ်ကောင်းအောင် ရယ်ပြီး ကောင်လေး ကို အတင်းဆွဲခေါ်သွားသည်။
အပြင်မှာ မိုးသည်းနေ၏ ။ဂေဟာအပြင်မှာရှိတယ် ခြံအကျယ်ကြီး
မိုးရေထဲ သို့ ကောင်လေး ကို တွန်းလွှန်လိုက်သည်။တွန်းအားကြောင့် အရှိန်မထိန်းနိုင်ဘဲ ကောင်လေး လဲပြိုသွားသည်။
ဦးလေးကြီး ပါးစုံကြီးနှစ်ဖက်ကို ပြဲအောင်ရယ်ရင်း....
´´မင်း မိုးရေထဲ နေခဲ့၊ မင်းချမ်းနေတာကို ငါကြည်မယ့်ဘာလိုဆိုတော့ အပြစ်လုပ်ပြီးရင် ထို့်အပြစ်နဲ့ ထိုက်တန် တဲ့
အပြစ်ကိုခံရမှာပဲ ''ဦးလေးကြီး က ဂေဟာ အိမ်ကြီးထဲ ပြန်ဝင်ကာ အိမ်တံခါးကို
ဝုန်းခနဲ ပိတ်လိုက်သည်။ မိုးသံတွေကြောင့် တံခါးပိတ်သံက သိပ်ကျယ်လောင်မသွား။ ကောင်လေး လဲနေရာက ထပြီး
ဦးလေးကြီး နောက်အတင်းပြေးလိုက်၏ ။ ဒါပေမဲ့ မမှီလိုက်...
တံခါးကို တဒုန်းဒုန်းထုကာ ကောင်လေး အော်ငိုနေ
သည်။
´´ဦးလေး...တံခါးဖွင့်ပေးပါ''
´´ဦးလေး...သားမှားသွားပါတယ်''
´´တံခါးဖွင့်ပေးပါ....တောင်ပန်ပါတယ်''
ကောင်လေးက အော်ပေမယ့် တံခါးက ပွင့်မလာ။
ဦးလေးကြီး က ဂေဟာ အပေါ်ထပ် ဝရံတာမှာ ကောင်လေး ကိုငုံကြည်ပြီး သွားများပေါ်အောင် တဟီးဟီးရယ်နေသည်။
´´ဟီးဟီးဟီးဟီး..''
´´ဦးလေးကြီး သားကို အိမ်ထဲ ဝင်ခွင့်ပေးပါ''
´´ဟီးဟီးဟီးဟီး..''
´´ဦးလေးကြီး သားကြောက်တယ်၊ သားကို အဲ့လိုမလုပ်ပါနဲ့''
´´ဟီးဟီးဟီးဟီး..''
လျှပ်ပြက်သော ဦးလေးကြီး မျက်လုံး များက ကြောက်စရာကောင်းအောင် လင်းလက်သွားသည်။ မိုးတွေကလည်း ဘာကိုမှန်း မသိအောင် စိတ်ဆိုးမာန်ဆိုးဖြင့် ဝုန်းဒိုင်းကျဲ ရွာသွန်းနေသည်။
YOU ARE READING
တိမ်တွေက အချစ်ကြောင်းပြောကျတယ် ( coulds talk about love)
Mystery / Thriller'' အကို သိလား တိမ်တွေက စကားပြောကျတယ် အကိုတို့တာမကြားနိုင်တာ သူတို့က အချစ် ဆိုတာက ဘာလဲ? အချစ် ဆိုတာက နာကျဉ် စရာလား? အချစ် ဆိုတာက ပျော်ရွှင်စရာ လား? ဆိုပြီး အချစ်ကြောင်း တွေ ပြောနေတက်တယ် ညီ ကတော့ အချစ်ဆိုတာကြီးကို အကို နဲ့စ စေ...