23

1.1K 74 4
                                    

#Unicode

မနက်မိုးလင်း6နာရီအချိန်လောက်တွင်
တစ်ယောက်စနှစ်ယောက်စနှိုးကြရင်း
ကျောင်းသားတွေအကုန်နီးပါး နိုးနေကြပီဖြစ်သည်။

ဒီနေ့ရွာထဲကို လှူစရာရှိတာတွေလှူပီးရင်
ပြန်ရတော့မှာပဲဖြစ်သည်။
အစထဲကသူတို့ရဲ့ ခရီးစဉ်အချိန်က တစ်ညအိပ်နှစ်ရက်ကိုး....

အဲ့ဒါကြောင့် မနေ့ညကမှအလျင်စလိုထိုးထားတဲ့ Tentတွေကိုအရင် ပြန်ဖြုတ်နေကြတော့သည်။
ကိုယ်စီကိုယ်စီရဲ့ Tentတွေကို
အချင်းချင်းကူညီပီးဖြုတ်ကြရာ Tentအားလုံးနီးပါး ပြီးစီးသွားတော့သည်။

ထိုထဲမှာမှကျန်နေခဲ့သော Tentတစ်ခု....
အဲ့ဒီTentကတော့ အခြားလူတွေရဲ့ Tent မဟုတ်
ဂျောင်ဂုတို့ရဲ့ Tentပဲဖြစ်သည်။

အခုချိန်ထိလဲ တစ်ယောက်မှTentထဲကထွက်မလာကြသေးတာကြောင့် နှိုးဖို့ရာအတွက် ကျောင်းသားတစ်ယောက်က Tentရဲ့ဇစ်ကိုဖွင့်လိုက်သည်။

ဇစ်ဖွင့်ပီးတဲ့အချိန်ထိ
မနှိုးသေးဘဲ ဒီတိုင်းကြီး
ကြောင်ရပ်နေတဲ့ ကျောင်းသားဘေးကို
အခြားကျောင်းသား\သူများကလဲ
ဘာဖြစ်လို့လဲဟူ၍
ရောက်ရှိသွားကြတော့သည်။

ထိုထဲကမှ ရုတ်တရက်ကျောင်းသူတစ်ချို့
ကလဲထအော်ကြသည်။

"အားးးရှ်....."

"ဘယ်လိုလေးတွေလဲဟယ် ""

"နှစ်တွဲတောင်မှ...
ကြည်နူးစရာလေး"

ကောင်မလေးတွေထအော်သည်
ကအခြားမဟုတ်တစ်ယောက်ကို
တစ်ယောက် လွှတ်ထွက်သွားမှာဆိုးသည့်အလား ဖက်ပီးအိပ်နေကြသော လူလေးယောက်ကြောင့်ပဲဖြစ်သည်။

လူလေးယောက်ဆိုပေမဲ့ လေးယောက်လုံး
လုံးထွေးအိပ်နေကြခြင်းတော့မဟုတ်
ဂျောင်ဂုနဲ့ထယ်ယောင်းကတစ်ဖက်

ယွန်းဂီနဲ့ဂျီမင်နဲ့ကတစ်ဖက် ဖြစ်ပီး
နှစ်ယောက်တစ်တွဲစီ ဖက်အိပ်နေကြတာပဲဖြစ်သည်။

ဂျောင်ဂုတို့Tentနားမှာပဲ အကုန်လုံးက
စုစုရုံးရုံးဖြစ်နေကြတာကြောင့်
ခနအကြာမှာပဲ
နမ်ဂျွန်းတို့ပါရောက်လာကြတော့သည်။

"ဒီနားမှာပဲ စုပီးဘာလုပ်နေကြတာလဲ?..

ကိုယ်တို့ရွာထိပ်ကတဲထဲမှာ ထားခဲ့တဲ့
အလှူပစ္စည်းတွေကို
လိုက်ဝေကြရမယ်လေကွ"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now