ရေးမိတဲ့ထဲ အမှားပါခဲ့သည်ရှိသော် နားလည်ပေးကြပါနော်
_________________________(ဖိနပ်)
နေပူပူ ကတ္တရာလမ်းပေါ်မှာ ဖိနပ်မပါပဲလျှောက်နေတဲ့ အမေ့ရဲ့ ခြေထောက်တွေ ဘာမှမခံစားရဘူးလားမသိ။ အမေ့ရဲ့ပါးလျနေတဲ့ ပျက်ချင်လုလု ဖိနပ်စုတ်ကလေးက မနေ့ကမှ အတိပျက်သွားတော့ အမေ့မှာခြေဗလာနဲ့လျှောက်နေရတာ မပူဘူးလားနော်။ အင်းလေ..။ လျှောက်နေကြပဲဟာ အပူဒဏ်ဆိုတာဘာမှန်းမသိေ၀းလို့..။ နိုင်ထွန်းကတော့မခံနိုင်ပေါင်..။ မနက်ကတည်းက လျှောက်လာရတာပင်ပန်းလှပြီ။ နိုင်ထွန်းမှာတော့ ဖိနပ်ပါပါတယ်။ ဒါပင်မဲ့လို့ ပါတဲ့ဖိနပ်ဆိုတာလည်း ပါးလွန်းလို့ မြေကြီးနဲ့ထိလုမတက်..။ ဖိနပ်အသစ်ကလေးလိုချင်ပါတယ်လို့ ပူဆာတာလည်း ခဏခဏ။ စျေးကြီးပေးရတဲ့ဖိနပ်မျိုးမပူဆာပါဘူး ။ အဓိကက အပူဒဏ်ပြင်းလွန်းတဲ့ ကတ္တရာလမ်းမကြီးနဲ့ခြေထောက်မထိဖို့ပဲ။ သည်အပူဒဏ်ကသိပ်ဆိုး၀ါးတာလေ။ ခုနေတုန်းတော့ ဘာဖြစ်မတုန်း..။ ဒီကပြန်လို့ ညရောက်ရင်သာ လည်ချောင်းထဲကတင်းကျပ်ကျပ်ကြီးရယ်။
"အမေ ၊ ကတိ"
"အမေ၊ ဖိနပ်လို့.."
"ဟဲ့ကောင်လေး၊ သြော်နင့်မလည်း တကတည်း ဒီသောက်ဖိနပ်ပဲပူဆာနေ၊၊ အင်း..။ ဒီနေ့ ကိုက်ရင် ဖိနပ်၀ယ်ပေးမယ်ဟာ"
နေ့တိုင်းပြောနေတာ အခုမှ၀ယ်ပေးမယ်ဆိုတဲ့အသံလေးကြားရလို့တော်တော့တယ်...။ဒါတောင် ဒီနေ့အဖို့ကိုက်မှတဲ့။ ခါတိုင်းဆို နင့်အဖေဖိနပ်ယူစီးပါလားဟဲ့..ကောင်းသေးပါတယ်တဲ့။ မထူးပါဘူး အဖေ့ဖိနပ်ကလည်း နိုင်ထွန်းဖိနပ်နဲ့သိပ်မကွာလှဘူး..။ သြော်..။ အဖေဆိုလို့ အဖေသာ အိပ်ယာထဲ လဲမနေဘူးဆို နိုင်ထွန်းတို့ဒီလိုမနေရပါဘူး..။ အခုတော့ အရက်နာကျပြီး အိပ်ယာထဲနေမကောင်းလို့လဲနေလိုက်တာ ထူထူထောင်ထောင်ရယ်လို့ဖြစ်မလာတော့ဘူး။ ဘယ်ဖြစ်မလည်း ဆေးမှမကုတာ..။ ဆေးကုရင်တော့ သက်သာလာနိုင်တာပေါ့လေ..။ အခုတော့ သေမဲ့နေ့ကိုစောင့်နေရတဲ့ လူပိုကြီးတစ်ယောက်ပေါ့..။ လျှောက်လာလိုက်ရတာ မန္တလေး ဘူတာကြီးကိုတောင်ရောက်ပြီ။ နိုင်ထွန်းတို့ရောက်ပြီး မကြာပါဘူး ဥသြဆွဲပြီးရထားဆိုက်တယ်။ ရထားပေါ်ကနေ လူအများကြီးဆင်းလာကြပြီ။
YOU ARE READING
ဖိနပ်(ဝတ္ထုတို)
Short Storyဒီလိုနဲ့ဆင်းရဲတဲ့နိုင်ငံက အဆင်းရဲဆုံးကလေးဟာ လောကကြီးကနေထွက်ခွာသွားပါတော့တယ်။ တစ်ဖက်စီ ပြန့်ကျဲနေတဲ့ ဖိနပ်ကလေးတစ်ရံကို ကောက်ဖို့ ဘယ်သူမှ သတိမရကြတော့ပါဘူး