Chapter 17_U

24.2K 1.7K 99
                                    

 ကလေးနှစ်ယောက်အား မွေးစားခြင်းအတွက် ရုံးတော်တွင် လျှောက်တင်ခြင်းမှာ သမားတော်ကြီးကြောင့် သိပ်မခက်ခဲခဲ့။

သမားတော်ကြီးက ဒီတိုင်းမနေ။

ခက်လက်မြို့ပေါ်မှ နောင်သိုက်တို့ ဦးလေးနှင့်သိသည့် ကုန်သည်အချို့ထံမှ နောင်သိုက်တို့အကြောင်းအရင်စုံစမ်းကာ ကလေးနှစ်ယောက်၏ နှုတ်ထွက်စကား မှန်မမှန်အရင်ဆုံးအတည်ပြုသည်။

မှန်ကန်ကြောင်းအတည်ပြုပြီးနောက် စောမောင်တို့လင်ခင်ပွန်းနှစ်ယောက်အတွက် ကလေးနှစ်ယောက်အား မွေးစားရန် ကူညီပေးသည်။

သမားတော်ကြီး၏ တောင်းဆိုချက်များကြောင့် ရုံးတော်က ကလေးနှစ်ယောက်၏ ကျန်းမာရေးအခြေအနေနှင့် နှိပ်စက်ခံရမှုများကိုပါ မှတ်တမ်းယူထားကြသည်။

အကြောင်းကတော့ နောက်နောင် ကလေးနှစ်ယောက်၏ ဦးလေးမိသားစုက ကလေးနှစ်ယောက်အပါအဝင်စောမောင်တို့ လင်ခင်ပွန်းနှစ်ယောက်ကိုပါ လာရောက်ရှုပ်ထွေးခြင်း မပြုနိုင်အောင်ပင်။

ကလေးနှစ်ယောက်က အလွန်လိမ္မာသည်။

ဟန်လေး ထမင်းဟင်းချက်သည့်အချိန်တွင်လည်း အကြီးလေးက အလိုက်တသိနှင့် ကြက်သွန်ဖြူခွာခြင်း အရွက်သင်ခြင်းများတွင် ကူညီပေးသည်။

အငယ်လေးကလည်း အော်ဟစ် ငိုယိုခြင်း၊ ဂျီကျခြင်း လုံးဝမရှိ။

အရိပ်သုံးပါး နားလည်သလို ချွဲစိန်ကလေးဖြစ်သည်။

ဟန်လေးနှင့် စောမောင်က ကြက်ပေါက်၊ ဘဲပေါက်လေးများ ဝယ်ကာ မွေးမြူထားပြီး ကြက်စာ၊ ဘဲစာကျွေးသည့် တာဝန်ကိုတော့ နောင်သိုက်တို့ ညီအစ်ကိုနှစ်ယောက် က အပြည့်အဝယူထားကြ၏။

စောမောင်က ကလေးနှစ်ယောက်အား မွေးစားပြီးကတည်းက သူ့အား ဖေကြီးလို့ခေါ်စေကာ ဟန်လေးကိုတော့ ဖေဖေဟု ကလေးနှစ်ယောက်အား ခေါ်ခိုင်းထားသည်။

နောင်သိုက်က ဟန်လေးနှင့် ဆယ်နှစ်ခန့်သာကွာသော်လည်း စောမောင်က ဖေဖေဟုသာခေါ်ခိုင်းသည်။

နောင်သိုက်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ဟန်လေးတို့နှင့် ရက်ပိုင်းသာနေရသေးသော်လည်း အပျော်ကြီးကို ပျော်နေပြီဖြစ်သည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now