-unicode-
မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းလေးယောက်တွေ့ဆုံမှုက ထုံးစံအတိုင်း ဆုံနေကြ ဆိုင် တွေ့နေကြနေရာမှာပဲဖြစ်သည်။
အခုဆိုရင် ဘတ်ခ်ဟျွန်း နဲ့ ချန်းယောလ်ရဲ့ တရား၀င်ချစ်သူတွေဖြစ်ကြတာလဲ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ အရာရာအကုန်လုံးက အဆင်ပြေချောမွေ့နေပြီး စိတ်ရှုပ်စရာ စိတ်ညစ်စရာဆိုတာ မရှိသလိုမျိုးပဲ။"ဘတ်ခ်ဟျွန်းနီး "
"ဟင်.."
"ဘာလို့ ဆေးလိပ်တွေ မသောက်တော့တာလဲ ဆေးလိပ်သောက်တာ မမြင်မိတော့သလိုပဲ နောက်ပြီး ဒီမှာ..."
ချန်းယောလ်က လွယ်အိတ်ထဲမှ ထုတ်ယူပေးလာတာက ဘတ်ခ်ဟျွန်းရဲ့ ဟိုးအရင်က ဆေးလိပ်ဘူးနဲ့ မီးခြစ်လေး။
"ဘာ...ဘတ်ခ်ဟျွန်းက ဆေးလိပ်သောက်တတ်တယ်ပေါ့ ငါတို့လည်း မသိရပါ့လား"
ဂျုံအင်က အံ့ဩတကြီးအသံနဲ့ ဘတ်ခ်ဟျွန်းကို မယုံသလိုကြည့်တယ်။
"ချန်းယောလ် ဒါ ဘယ်တုံးက..."
"ပြီးခဲ့တဲ့ semester တုံးကလေ ညနေဘက် မင်းကိုငါလာတွေ့တာ မင်းထပြန်သွားတော့ ကျန်ခဲ့တာကို သိမ်းထားတာ "
"ဟ ငါမေးတာလည်းဖြေကြပါဦး ဒီနေရာမှာ မင်းတို့နှစ်ယောက်တည်း ရှိတယ်ထင်နေလား "
ဂျုံအင်က ချန်းယောလ်လက်ထဲက ဆေးလိပ်ဘူးနဲ့ မီးခြစ်နီရဲရဲလေးကို ဆွဲယူကြည့်ရင်းပြောသည်။
"အင်း သောက်လိုက်သေးတယ် ဂျုံအင် ပြီးတော့ ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုပြီးရပ်လိုက်တာ ချန်းယောလ်လည်း ငါဆေးလိပ်သောက်တာကို မကြိုက်ဘူးထင်လို့ ပေး သိမ်းထားလိုက်မယ် "
"သိမ်းထားမှာချင်းအတူတူ အတူတူ ငါပဲ ပြန်သိမ်းထားမယ် ဘတ်ခ်ဟျွန်းနီးလေးက လိမ္မာတယ် ကျန်းမာရေးအတွက် မသင့်တော်မှန်းသိတယ် "
ချန်းယောလ်ရဲ့ လက်ဖဝါးကြီးကြီးက ဘတ်ခ်ဟျွန်းရဲ့ ခေါင်းလုံးလုံးလေးကို ပွတ်သပ်လို့။
"အခု မင်းတို့နှစ်ယောက်က ဘာတွေလဲ... "
အတော်အကြာအထိ ငြိမ်နေခဲ့တဲ့ ဂျောင်ဆူးဆီက ခပ်ဆတ်ဆတ်မေးခွန်းသံက ဘတ်ခ်ဟျွန်းဆံပင်များကို ပွတ်သပ်နေတဲ့ ချန်းယောလ်လက်များကို ရပ်တန့်သွားစေသည်။