မမသည်သာကိုးကွယ်ရာ(Part-8)

2.5K 110 10
                                    

မေအက္ခရာ+နှင်းပွင့်ဟန်

"အခု ရုံတင်နေတဲ့ကားက အရမ်းကောင်းတာတဲ့တီချယ်
ဒေါင်းနဲ့ပိုင်ဖြိုးသု မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်တဲ့"

"သမီးကကြည့်ချင်လို့လား"

"ကြည့်ချင်တာပေါ့ မင်းသားရောမင်းသမီးရော သမီးအကြိုက်တွေပဲကို"

"ဟုတ်ပါပြီ ဒီနေ့ကတနင်္လာဆိုတော့ စာတွေပြန်ကြည့်ထား စနေနေ့ကျ မေးခွန်းဟောင်းတစ်စုံဖြေခိုင်းမယ် သတ်မှတ်ထားတဲ့အမှတ်ရ
ရင် တနင်္ဂနွေကျရုပ်ရှင်လိုက်ပြပေးမယ်"

"တကယ်နော်တီချယ်"

"နှစ်ကယ်နှစ်ကယ်"

"အဲ့ဒါကြောင့်တီချယ်ကို ချစ်မဝနေရတာ"

"အမလေး အတတ်ကလေး"
မေပြောရင်း နှင်းနဖူးလေးကို ခပ်ဖွဖွထုလိုက်သည်

"ဖြေထားတာမဆိုးပါဘူး တီချယ်အားရမှုရှိတယ်"

"အဲ့ဆိုသမီးကို ရုပ်ရှင်လိုက်ပြပေးတော့ ဟီး"

"ကျွန်မကပြောထားရင် ပြောထားတဲ့အတိုင်းလုပ်တာ ကတိတည်ပါတယ်နော်"

"သမီးက တီချယ်မေ့နေမှာစိုးလို့ပါ"

"မေ့မနေဘူး နက်ဖြန်မနက် ၁၀ခွဲလောက်လာခေါ်မယ် ပြင်ထားလိုက်"


"တီ တီ"
မေ ကားဟွန်းတီးလိုက်တော့အိမ်ထဲကနေထွက်လာတဲ့ကောင်မလေးက အဖြူရောင်ပေါင်လယ်လောက်ပဲရှိတဲ့dressလေးနဲ့

"ချစ်ဖို့ကောင်းလိုက်တာ"
ဆံပင်ရှည်ရှည်အသားဖြူဖြူနဲ့သူမသိပ်ချစ်ရတဲ့ကလေးငယ်နှင်း

"တီချယ့် သမီးကဒီနေ့သိပ်လှနေပါလား"

"တီချယ်လှတာကိုတော့ မမှီပါဘူး"

"ဟုတ်ပါပြီရှင်ရယ် ခါးပတ်ပတ်"

~~~~~~~~~~~~
"တီချယ် တီချယ်"

"သမီး တော့ပိုကီနဲ့fish cakeဝယ်ချင်လို့"

"ဝယ်လေ သမီးစားချင်ရင်"

"ခု မစားသေးဘူးလား"

"မစားသေးဘူးတီချယ် ရုပ်ရှင်ကြည့်ရင်းစားမလို့"

"ဟုတ်ပါပြီ လာ ရုပ်ရှင်လက်မှတ်သွားဖြတ်ရအောင်"

"ရုပ်ရှင်က ကြည့်လို့ကောင်းလိုက်တာ"

"ယုမော်က မုန်းချင်စရာကြီးနော်တီချယ်"

"ဟုတ်ပါ့"

"ဒါနဲ့သမီးဗိုက်ဆာပြီလား တစ်ခုခုဝင်စားကြရအောင်"

"ဆာပြီတီချယ်"

"စားချင်တာသာပြော တီချယ်က ဒီနေ့တစ်ရက်လုံးအလိုလိုက်မှာ"

"ကြေးအိုးရောတီချယ်"

"စားမယ်လေ တီချယ်လည်းကြိုက်တယ်"

"သွားစို့"

"အစ်မ ဝက်ကြေးအိုးဆီချက်တစ်ပွဲ ဖက်ထုပ်ကြော်
တစ်ပွဲ အာလူးချောင်းကြော်တစ်ပွဲ ကိုလာတစ်ဗူး"

"လူကြည့်တော့ အစိတ်သားလောက်ရှိတာ
မှာထားလိုက်တာများ မနည်းမနော"
မေစိတ်ထဲမှပြောနေမိသည်

"အများကြီးမှာထားတာ ကုန်လို့လား"

"ကုန်ပါတယ်တီချယ်ကလည်း ဒီလောက်ကအေးဆေး"

မေ တကယ်အံ့ဩသွားရသည် သူမရဲ့ကလေးငယ်က ပန်းကန်ဆေး
စရာမလိုအောင်ထိ ပြောင်စင်အောင် စားပစ်လိုက်ခြင်းကြောင့်ပင်

"စားလို့ပြီးရင် တီချယ်တို့ပြန်ကြရအောင်"

"ဟုတ် တီချယ်"

ကားပေါ်ရောက်တော့

"တီချယ် သမီးဒီနေ့ အရမ်းပျော်တယ်သိလား"

"လိုက်ပို့ပေးလို့ကျေးဇူးပါနော်"

"ကျေးဇူးတင်ရင် စာပဲသေချာကြိုးစား"

"တီချယ်"

"ပြောလေ"

"ချစ်တယ်"

"တီချယ်လည်း ချစ်ပါတယ်ကွယ်"

"ဟင့်အင်း သမီးတီချယ့်ကို ချစ်တာဖြူစင်တဲ့528နဲ့မဟုတ်ဘူး"
မေတစ်ယောက် ငြိမ်သက်သွားသည်

"တီချယ် သမီးကိုစိတ်မဆိုးပါနဲ့နော်"

"မဆိုးပါဘူးကွယ် ခံစားချက်ဆိုတာ ဖုံးကွယ်ထားလို့ရတဲ့ အရာမှ
မဟုတ်ပဲ"

"ဒါဆိုသမီးကိုအဖြေပြန်ပေးတော့"

"ဟိုးထားအစ်မ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ
4Dအထက်ရရင် တီချယ့်အချစ်ကိုရမယ်"

"တကယ်နော်တီချယ်"

"ဒီနေ့ကစ စာကြိုးစားပြီဗျို့"

ဝါသနာအရရေးတာမလို့ လိုအပ်ချက်လေးတွေရှိရင်
နားလည်ပေးကြပါနော်🥰

မမသည်သာကိုးကွယ်ရာWhere stories live. Discover now