Ch- 10.1

3K 248 1
                                    

အခန်း ၁၀ အပိုင်း ၁

ယဲ့ရှန်းကို သူမဆွဲလိုက်သောအခါတွင် သူ၏ပထမဆုံးတုံ့ပြန်မှုမှာ မကျေနပ်မှုဖြစ်နေသည်။ သူ့မျက်လုံးများက သူ့နောက်သို့ လိုက်လာသော ကလေးမလေးဆီသို့ စူးစူးရဲရဲ ကြည့်နေသည်။

သူမ၏ သေးသွယ်သော အဖြူရောင်လက်ချောင်းများက သူ့အင်္ကျီလက်ဝများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ဆွဲအားကြောင့် သူမ၏ လက်ငါးချောင်းသည် တင်းမာသော လေးညှိကဲ့သို့ တင်းကျပ်နေလေသည်။ သူ တစ်ချက်လှုပ်ရုံဖြင့် သူ့အင်္ကျီလက်ဝများကို ပြန်ဆွဲထုတ်နိုင်သည်။

သို့သော်လည်း ထိုကဲ့သို့ ပိန်လှီနေသော လက်ချောင်းလေးများသည် အင်အားအနည်းငယ်သာ အားစိုက်ထုတ်လိုက်လျှင်ပင် ကျိုးကြေသွားနိုင်ပုံရသည်။ ထိုလက်ကလေးများသည် ယခင်က မတော်တဆ ကျိုးပျက်သွားခဲ့သော ကျောက်စိမ်းဆံထိုးလေးများကဲ့သို့ နုနယ်နေသည်။

မထင်မှတ်ပဲ သူ မလှုပ်ဘဲချင်တော့ပေ။ သူ့မျက်လုံးတွေက သူမမျက်နှာပေါ် ကျရောက်သွားသည်။

ရှောင်းယိုနဥ်က တစ်လျှောက်လုံး ဒါကို သတိမထားမိခဲ့ဘူး။ သူမက သူ့ကို အမှီလိုက်နိုင်လိုက်သဖြင့် ကျေနပ်သော အပြုံးကို ထုတ်ဖော်ထားသည်။ သူက သူမဘက်ကို လှည့်တာကိုမြင်တော့ အခွင့်အရေးကို အရယူလိုက်ပြီး "တာအိုဘုန်းကြီးဝူယဲ့ ကျေးဇူးတင်ပါတယ်!"ဟု အသံမြှင့်ပြီး ပြောလိုက်သည်။

သူမက အပြုံးဖြင့် သူ့ကို မော့ကြည့်နေသည်။ သူမ၏ မျက်လုံးများနှင့် မျက်ခုံးထောင့်များသည် နွေရာသီ၏ နေရောင်ခြည်ဖြင့် နီရဲနေသည်။

နွေလေပြင်းတိုက်ခတ်လာသောအခါ သစ်ပင်ကြီးများ၏ အကိုင်းအခက်များနှင့် သစ်ရွက်များသည် ဘေးဘက်သို့ ကြွေကျလာသည်။ ကောင်မလေးရဲ့အဝတ်တွေကလည်း လေကြောင့် လွင့်နေပြီး သူ့ဝတ်ရုံကို ညင်သာစွာ လာထိနေသည်။

ယဲ့ရှန်းသည် ထိုပျော့ပျောင်းသော အသံများကို နားထောင်ပြီး ခဏမျှ ငြိမ်သက်နေခဲ့သည်။

ရှောင်းယိုနဥ်က ထပ်ပြီး ချောင်းဆိုးပြီး ခေါင်းငုံလိုက်သည်။ ချောင်းဆိုးခြင်းက တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း သူ့အင်္ကျီလက်ဝများကို ဆွဲကိုင်လိုက်သော လက်က ပြေလျော့သွားခြင်းမရှိပေ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now