Part 2

561 57 17
                                    

ဧည့်ခန်းတွင် စာဖတ်နေသော ခင့်ဘေးသို့ မသိမသာ ဝင်ထိုင်ကာ

"အန်တီခင် မနက်ဖြန်ရှုတင်မရှိဘူးနော်"

‌အသော်ပြောတာကို မကြားချင်ယောင်ဆောင်နေသည်လား။တကယ်မကြားသည်လား မသိပေ။

"အန်တီခင်...အန်တီခင်"
ခင့်မျက်နှာအား သေချာကြည့်ခေါ်သော်လည်း မသိကျိုးကျွံပြုနေသောခင့်ကို

"ဟာ ....အန်တီခင်လို့"

အသော်အား ပြန်မကြည့်ပဲစာအုပ်အား ဖတ်ရင်း ကော်ဖီလေးသောက်နေသည်။

"ခင်"

"ရှင်"

"ခုနာ့က ခေါ်တော့ ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ"

"အသော့်ကို ပြောထားပြီးသားလေ တို့ကြိုက်တဲ့နာမည်ကိုပဲ ပြန်ထူးမယ်လို့"

"ခင်ကလဲ တကယ်ပါပဲ
အသော်အရှုံးပေးလိုက်ပါပြီဗျာ"

"ဟိ....ဟိ"
မခို့တရို့ပြုံးလဲလှသည်။ ဘယ်လိုနေနေလှသည်။ မင်းသမီးမို့ထင်ပါရဲ့ အပစ်ဟူ၍ ပြောစရာမရှိလောက်ပေ။

"အသော် မနက်ဖြန် မြို့ထဲလျောက်လည်ရအောင်"

"ဟမ် မသွားရပါဘူး"

"ဘာလို့လဲကွယ် ခင်က သွားချင်လို့ပါဆို"

"မင်းသမီးတွေဆိုတာ...."

"ဝောာ်တော့ တရားတွေဟောတော့မယ်"

"ဟီးးးး ခင့်ကိုကောင်းစေချင်လို့ပါ"

"မလိုက်ပို့လဲနေပေါ့ ကို့ဘာသာသွားမယ်"

အသော်ကြားဖူးနေသော မာန‌ေခါင်ခိုက်နေတဲ့ မင်းသမီးကော ဟုတ်ရဲ့လားလို့ အတွေးဝင်မိသည်မှာ မမှားပေ။ ဒီအမျိုးသမီးလဲ ချွဲတက်သေးသားပဲဟု တွေးကာ ပြုံးမိသည်မှာ အမှန်ပင်။

ယနေ့ညတွင် အသော်အိပ်မပျော်သည်မှာ ထူးဆန်းလေသည်။ အိပ်မရသည်နှင့် အောက်ထပ်တွင် ခေါက်ဆွဲပြုတ်စားရန် မီးဖိုချောင်သို့ အသွားတွင်

"ခင် မအိပ်သေးပဲ ဘာလုပ်နေတာလဲ"

အခန်းတစ်ခုထဲတွင် မီးရောင်ဖျော့ဖျော့လေးနှင့် ဆေးလိပ်ထိုင်ဖွာနေသော အမျိုးသမီးမှာ ခင်ကော ဟုတ်ရဲ့လားဟုသေချာကြည့်မိလိုက်သည်။ မျက်ဝန်းထဲတွင် မျက်ရည်စလေးနှင့် ဆေးလိပ်သောက်နေသော ခင့်ဘေးသို့ ချဉ်းကပ်ရင်း

You are my heart 🤎Where stories live. Discover now