11uni..zg

3.2K 222 8
                                    

....မင်းသည်သာ... 🍁🍁🍁...
      ....အပိုင်း (၁၁)

"အချစ်"

ထိုခေါင်းစဥ်အောက်မှာ..ကျရှုံးခဲ့ရတဲ့..လူသားတွေဘယ်လောက်များရှိနေမလဲ..သိချင်လိုက်တာ..ပြီးတော့....အချစ်ကို.ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြလဲ..မေးချင်လိုက်တာ...
ကျွန်တော်သိတဲ့..အချစ်ကတော့...အဝေးကပဲငေးကြည့်နေရုံ...သူ့ကို  အပ်ဖျားရာတစ်ခုတောင်..မထင်အောင်..ဂရုစိုက် ပေးရုံ...ပဲထင်တယ်.......။

.....သော.....

🍁🍁🍁🍁🍁

"ဟယ်လို..."

"...."

"ဗျာ...ဟုတ်..ဟုတ်အစ်ကိုကြီး..ကျွန်တော်.ဂျောင်ဂုကိုခေါ်ပြီး.အမြန်လိုက်လာခဲ့မယ်နော်..အရမ်းကြီးစိုးရိမ်မနေနဲ့နော်..."

ဂျီမင်း..ဖုန်းကို..အမြန်ချလိုက်ပြီး..ခြံထဲမှာ..အလုပ်လုပ်နေတဲ့..ဂျောင်ဂု့ဆီကို..အပြေးသွားလိုက်မိသည်...။အစ်ကိုကြီးယွန်းဂီအသံက..အရမ်းကိုစိုးရိမ်နေတဲ့..အသံမို့..သူလည်း..သော...ကိုစိတ်ပူမိပါသည်..။ဘာဖြစ်
တာလဲ.ရေရေရာရာမမေးမိပဲ..သော..ဆေးရုံမှာအရေးပေါ်ရောက်နေတဲ့.အသိနဲ့တင်..ဂျီမင်းမျက်လုံးတွေ ပြာသွားခဲ့ရတယ်။

"ဂျောင်ဂု..ဂျောင်ဂုရေ..ကျစ်..အရေးထဲ..ဘယ်ရောက်သွားတာလဲကွာ...."

ခြံထဲရောက်တော့  လက်တော့ပ် တစ်လုံးသာတွေ့ရပြီး လူကိုမတွေ့တာကြောင့်..ဂျီမင်းမျက်ရည်များဝေ့သီလာလေသည်....အိမ်ပေါ်များရောက်နေပြီလားအတွေးနဲ့..အိမ်ထဲကိုတစ်ဖန်ပြေးခဲ့မိပြန်သည်...နူတ်မှလည်း....။တကြော်ကြော်ခေါ်မိပြန်သည်။

"ကန့်လန့်ကောင်ရေ..ကန့်လန့်ကောင်ရေ...မင်းဘယ်မှာလဲ..အင့်.."

အိမ်ထဲဝင်ဝင်ခြင်း.အိမ်ပေါက်ဝမှာ  ဂျောင်ဂုနဲ့ ဝင်တိုက်မိတာကြောင့်..ဂျီမင်းနောက်ကို..လန်ကျသွားလေသည်...။သူနောက်ကို  လန်ကျသွားတာကိုမြင်တာနဲ့..ဂျောင်ဂု..ဂျီမင်း ကိုယ်လေးကို ခါးလေးကနေ  လှမ်းဆွဲဖမ်းထားလိုက်သည်....။

"ဘယ်လိုတွေဖြစ်နေတာလဲ..ရှေ့မကြည့်နောက်မကြည့်နဲ့..ကံကောင်းလို့..ခေါင်းအုတ်ဆက်မလန်တာ..."

"ကြည့်..ဆူချင်တာနောက်မှာဆူ..ခုဆေးရုံသွားရအောင်.."

"ဟာ..ဟေ့..လွှတ် လူကိုလွှတ်..ဘာအတွက်ဆေးရုံသွားမှာလဲ..ပြောဦးလေ.."

မင်းသည်သာ.🍁🍁🍁Where stories live. Discover now