"ဂျွန်"
"......."
"ငါတို့အထဲဝင်ရအောင်နော်"
ခပ်ပြုံးပြုံးဆိုသည့် ထယ်ရဲ့စကားတွေနဲ့အပြုအမူတွေနောက်မှာ သူပြုံးရုံသာတတ်နိုင်ခဲ့တယ်။ တကယ်ဆိုနားမလည်ပါ။
ဒါအဆုံးသတ်တမလွန်မလား။ ဒါဆိုမဟုတ်မှ သူငရဲမကျခင်ခဏလေးဖြစ်ဖြစ် သူတမ်းတခဲ့တဲ့ စိတ်ကူးအိပ်မက်ထဲရောက်နေခဲ့တာလား။
ဒါပေမဲ့ ဒီအိမ်ကြီးရယ် ၊ ငါချစ်တဲ့မင်းရယ် ၊ ဒီအငွေ့သက်တွေရယ် ၊ မင်းအပြုံးတွေရယ်က အတုယောင်တွေလို့ပြောရဖို့ တအားစစ်မှန်လွန်းနေတယ်လေ။
"ဂျွန်"
"........"
မီးဖိုခန်းထဲဆွဲခေါ်သွားတဲ့ကောင်လေးဟာ ဘာတွေလုပ်နေမှန်း ဂျောင်ကုမသိခဲ့ပါ။ သို့သော်ငြား သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့လက်ကလေးရဲ့ အနွေးဓာတ်ကိုတော့ ခံစားနေရရင်း။
"ငါ့ကိုယုံတယ်မလား ဂျွန်"
ခေါင်းငြိမ့်ဖြစ်ခဲ့သည်။ ဒါဟာအိပ်မက်ဖြစ်လည်း မင်းစေရာကိုယ်လိုက်နာမှာမို့ မင်းကြိုက်ရာလုပ်ပါ ထယ်။
"မင်းလေ တကယ်ကိုအများကြီးပင်ပန်းခဲ့ရတယ်မလား ဂျွန်"
သူ့စကားတွေကို ငြိမ်ငြိမ်လေးနားထောင်ရင်း ဘာမှမပြောခဲ့တဲ့ဂျွန့်အပြုအမူတွေဟာ ထယ်ယောင်း ရင်ကွဲရတဲ့အကြောင်းတွေပါ။
ဂျွန် ဒါဟာဘယ်ဘဝလို့ မင်းထင်နေသလဲဟင်။ အရင်လိုမျိုး ဒါအတုအယောင်တစ်ခုပဲအဖြစ် မင်းယုံနေတုန်းပဲလို့တော့မပြောလိုက်နဲ့။
မီးဖိုခန်းထဲကစားပွဲပေါ်မှာ ရှိနေခဲ့တဲ့မီးခြစ်ကို ထယ်ယောင်းယူလိုက်ခဲ့သည်။ ပြီးဆုံးခါနီးမို့၍လား ဂျွန့်လက်တွေက အေးစက်နေလျက်။
ခဏလေးပဲစောင့်ပေး ဂျွန်။ ငါအကုန်လုံးအဆုံးသတ်လိုက်တော့မှာမို့ ခဏလေးပဲစောင့်ပေး။
"ထယ်"
"ငါ့လက်ကိုထပ်မလွှတ်နဲ့တော့ ဂျွန်"
ဖြုတ်ချသွားခဲ့တဲ့လက်ကိုလှမ်းကာ ထယ်ယောင်းဘက်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ဖြစ်ခဲ့သည်။ မရဘူး ဂျွန်။ ငါမင်းကိုမလွှတ်ပေးတော့ဘူး။
YOU ARE READING
Tale of the Moonlight 𐤀 [Completed]
HorrorUnicode & Zawgyi "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." Tale of the Moonlight Once upon a time's Jeon (Season 2) "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." This story Including violence scenes...