Unicode
Crdပေးပါတယ်ကျွန်တော်အရင်ကဖတ်ဖူးတဲ့Fan ficကို
ကြုိက်လွန်းလို့Jeongkyu verအဖြစ်ရေးလိုက်တာပါ
..................,........
"တော်တော့! Park Jeongwoo""ဟက် Jeongwooဖြစ်သွားပြီပေါ့အရင်လိုမောင်လို့မခေါ်
တော့ဘူးလား Kim Junkyu"မောင့်စကားတွေကပြင်းထန်လိုက်တာ
ကျွန်တော်နာကျင်စွာနှုတ်ခမ်းကိုတစ်ချက်ကိုက်လိုက်ပြီး"မင်းက မုန်းဖို့ကောင်းလိုက်တာ"
မောင့်ဘက်ကတစ်ချက်တိတ်သွားပြီး
"အာ အမှန်တွေပြောလိုက်တော့အထိနာသွားတာလား ကျွန်တော့်ကိုမုန်းတယ်လို့ပြောရလောက်တဲ့အထိ "
မောင်နဲ့ကျွန်တော်ဘယ်လိုမှညှိနှိုင်းလို့မရတော့တာလား
ကျွန်တော်သက်ပြင်းချလိုက်ကာ"ငါတို့ခွဲနေကြရအောင်"
မောင်ကအံ့သြစွာကျွန်တော့်ကိုကြည့်ပြီးနောက်မဲ့ပြုံးပြုံးကာ
"ကောင်းပြီ ခွဲနေကြတာပေါ့"
သဘောတူတယ်မောင်ကသဘောတူတယ်တဲ့လားတကယ်ဆို
မောင်တားသင့်တာလေ မောင်ကကျွန်တော်နဲ့တကယ်ခွဲနေချင်တာလား ကျွန်တော်ခေါင်းငုံ့လိုက်သည်မောင်ကဘာဖြစ်ချင်
နေတာလဲ"ကျွန်တော်တို့ကွာရှင်းရအောင်Kyu"
ကျွန်တော်မောင့်ကိုထိတ်လန့်စွာမော့ကြည့်လိုက်သည်
'မောင်ရယ်' ကျွန်တော်မျက်လုံးအစုံကိုမှိတ်ချလိုက်တော့ရင်
ထဲဟာဆင်းသွားကာတင်းကျပ်ကျပ်ဖြစ်သွားသည်*အချစ်ကိုမာနနဲ့ဖြိုခွဲရင်အချစ်ကနှစ်ခြမ်းကွဲမယ်*
*အချစ်ကိုအငြိုးတကြီးခြေထိုးရင်အချစ်ကခလုတ်တိုက်လဲ
မယ်**အချစ်ကိုအခန်းပိတ်နှိပ်စက်ရင်အချစ်ကကြောက်ရွံ့ခြင်းအဖြစ်ပြောင်းလဲသွားမယ်*
*အချစ်ကိုအေးစက်ပြရင်အချစ်ကအေးစက်သွားမယ်*
*အချစ်ကိုအတ္တနဲ့စားရင်အကြွင်းကသုညဖြစ်မယ်*
မောင်ကကွာရှင်းစာရွက်ကိုရှေ့ထုတ်ကာ
"ရော့ ဒီမှာလက်မှတ်ထိုးရုံပဲ"
YOU ARE READING
အရမ်းချစ်မိသွားတဲ့အခါ(When love iz too much)
Short Storyငါ့လက်ကိုယုံကြည်စွာနဲ့ဆုတ်ကိုင်မပေးနိုင်ဘူးလားမောင်ရယ် 'ငါ့ရဲ့ခေါ်သံကိုမကြားဘူးလားမောင် ငါမင်းကိုလိုအပ်နေတယ်' ........... "မင်းချစ်တဲ့လူကငါပဲဖြစ်ရမယ်" "မင်းအိမ်မက်မက်ရင်တောင်အိမ်မက်ထဲကလူကငါပဲဖြစ်ရမယ်" "အသက်ရှူရင်တောင်ငါ့ခွင့်ပြုချက်ရမှရှုရမယ်" မောင်...