Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(30)
"ငါတော့ မနေ့ညက မှောက်သွားတာ ဘာမှမသိဘူးဖြစ်သွားတယ် ကလပ်ကထွက်လာပြီး ကားတားစီးတာကို မှတ်မိပေမဲ့ ကျန်တာကတော့ လုံးဝကိုမသိတော့တာ ဟားဟားး လုံးဝကိုခွေးဖြစ်သွားတာပဲ "
"အွန်း"
ရေသောက်နေရင်းမှ ဝူလင်းယန်ကိုကြည့်လိုက်ပြီး
"နင်ပင်ပန်းနေတာနဲ့တူတယ် မျက်နှာလဲမကောင်းဘူး "
"အွန်း ကိုယ်နဲနဲပင်ပန်းနေလို့ ဒါနဲ့ ယွမ်ယွမ် မင်းရောဘယ်လိုလဲ "
"ငါတို့ပြတ်သွားပြီ"
"......... "
ရင်ထဲအပျော်တွေဖြတ်သန်းသွားကာ လန်းဆန်းသွားတဲ့ ဝူလင်းယန်က သူ့အပြုံးတွေကို မရမကသိမ်းဆည်းလိုက်ကာ
"အဆင်ရောပြေရဲ့လား "
သူမရဲ့အဆင်မပြေတဲ့ မျက်နှာထားကိုကြည့်ကာ သူ့ရဲ့မနာလိုစိတ်က အရမ်းကိုကြီးတာပဲလို့ တွေးလိုက်မိတယ်
တကယ်ဆို သူ ပျော်မနေသင့်ဘူး ဒါပေမဲ့ သူအရမ်းပျော်နေမိတယ်
ဘယ်လိုလုပ်မလဲ
သူ အော်ဟစ်ပြီးတော့ကို အောင်ပွဲခံချင်နေတာ
ဒါပေမဲ့ အဲ့စိတ်ကိုမနဲဖုံးထားရတာကြောင့် ရင်ဘတ်တွေတောင်နာလာသလိုပဲ ကော့တက်နေတဲ့ပါးစပ်ကိုလက်နဲ့ကွယ်ထားရတာကြောင့် သြူအသံကဗလုံးဗထွေးဖြစ်နေလေတယ်
"မပြေဘူး လင်းယန် ငါသူနဲ့အကြာကြီးချစ်ခဲ့ကြတာမဟုတ်ပေမဲ့ ငါတို့က ကလေးကစားနေသလို ပေါ့ပျက်ပျက်လုပ်ခဲ့တာလဲ မဟုတ်လေတော့ ငါအရမ်းဝမ်းနည်းနေတယ် "
ဝူလင်းယန်က လက်တဖက်ကိုဖုံးထားရင်းမှ ကျန်လက်တဖက်ကို မလိုက်ကာ သူမရဲ့ကျောပြင်ကိုအသာပွတ်သပ်လိုက်တယ်
အမ်းးးး နူးညံ့နေတာပဲ
"......... "
ဝူလင်းယန် ကိုယ့်အတွေးကိုယ် အတထင်သေးရှုံ့ချလိုက်ရင်း
"နောက်တော့အဆင်ပြေသွားမှာပါ "
ဘာမှမသိတဲ့ မုယွမ်ယွမ်ကတော့ သူမကိုယ်သူမ ဝံပုလွေတွင်းထဲရောက်နေမှန်းမသိသေးပဲ သူမရဲ့ခံစားချက်တွေကိုပဲ ထုတ်ပြောပြကာ နောက်ဆုံးတော့ ငိုချလာပါလေရော

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...