အပိုင်း(31)

518 25 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(31)

"လင်း... ! လင်းယန် ! .... နင်ဘာပြောလိုက်တာ ! "

".........."

"......? ?......"

"ဟမ်"

".........."

မုယွမ်ယွမ် ငိုနေတာတောင်မေ့ပြီး ပါးစပ်အဟလိုက်နဲ့ ဝူလင်းယန်ကိုကြည့်နေမိတယ်

သူမ နားကြားများမှားသွားတာလား ?

"ကိုယ်........ "

".............."

မုယွမ်ယွမ်မှာ အငိုရပ်သွားပေမဲ့ သူ့ကိုအံဩသလိုကြည့်နေတုန်းပဲ

ဒါပေမဲ့ အဲ့အကြည့်ဟာ ပကတိသန့်စင်ကြည်လင်နေပြီး သူ့ကိုရွံ့ရှာတာမျိုး မုန်းတ္ီးနေတာမျိုး လုံးဝကိုမပါနေခဲ့ဘူး

သူကလဲ ပြောလက်စ ချော်လဲရောထိုင် အနေအထားနဲ့ပဲ သူမကိုဆက်ပြီးပြောလိုက်လေတော့တယ်

မဟုတ်ရင်လဲ ဖုံးကွယ်သိုဝှက်ထားရလို့သေတော့မှာကိုး

"ကိုယ်....ကိုယ်မင်းကိုချစ်တယ်လို့ပြောလိုက်တာ "

"ဘာလို့လဲ ?"

"ဟင်? ဘာကိုလဲ?ဘာလို့လဲဆိုတာက?"

"မဟုတ်သေးဘူးလေ ငါ ဆယ်စုနှစ်တခုစာလောက်တောင် နင့်ကိုလိုက်နေတာလေ အဲ့တုန်းကကျတော့ မလှုပ်ခဲ့ပဲမတုန့်ပြန်ခဲ့ပဲနဲ့ ခုတော့မှ ငါ့ကိုချစ်တယ်ဆိုတော့ လင်းယန် နင်ရူးနေတာမဟုတ်ရင် ငါနားကြားမှားသွားတာပဲဖြစ်ရမယ်"

ဝူလင်းယန် ရှက်သွားကာ စိတ်ဓာတ်လဲကျနေတဲ့လေသံနဲ့

"မဟုတ်ပါဘူး ! ကိုယ် !  ကိုယ် မသိခဲ့လို့ မတုန့်ပြန်ခဲ့ရုံလေးပါ "

"........."

မုယွမ်ယွမ်ရဲ့မျက်နှာက စိတ်ရှုပ်ထွေးနေခြင်း အံအားသင့်နေခြင်းအပြည့်နဲ့ သူ့ကိုပြစိုက်ကြည့်နေတာကြောင့် ဝူလင်းယန်က ခပ်မြန်မြန်ပဲ ထပ်ရှင်းပြလိုက်လေတယ်

"ကိုယ်.....ကိုယ်..... မင်း....ကိုယ့်ကိုလိုက်နေတယ်ဆိုတာလုံးဝမသိခဲ့ဘူး "

ဒိတခါတော့ မုယွမ်ယွမ်မှာ ဒေါသရိပ်စွန်းလာကာ

"ငါပါးစပ်ကထုတ်မပြောရုံတမယ်ပဲလေ ငါ နင့်ကိုစွဲလန်းလွန်းလို့ ‌နင်သာပြန်မချစ်ရင် ငါတကယ‌်သေမှာလို့တောင်တွေးမိခဲ့ရူးမိုက်ခဲ့တြဲအချိန်တွေတောင်ရှိခဲ့တာ နင်တကယ်မသိဘူးဆိုတာ ဖြစ်နိုင်လို့လား"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now