ခင် ခြေထောက်နာနေသဖြင့် ရှုတင် တစ်ပတ်နားကာ အိမ်တွင်သာ အနားယူလိုက်သည်။
ခင့်ဘေးနားတွင် သူနာပြုလိုစောင့်ရှောက်နေသော အသော်ကြောင့် သက်သာသော်လည်း ချွဲပြီး အနားတွင်ကပ်နေချင်သောကြောင့် မသက်သာသလိုသာ နေမိသည်။"အဲ့တာပြောတာပေါ့ ဘယ်သွားသွား ဂရုစိုက်ပါဆိုတာ..."
"ဂရုစိုက်တာပဲလေ သူ့ဘာသာချော်လဲတာကို"
ခင့်ကို ဆေးလိမ်းပေးရင်း ပွစိပွစိပြောနေသော အသော့်အား မသိမသာ ခိုးကြည့်နေသည်။
"အသော်မှာ ကောင်မလေးရှိလား"
ခင့်ေခြေထာက်မှာ့တစ်ဆင့် မျက်ဝန်းတွေကို ကြည့်ကာ ခေါင်းခါပြလိုက်သဖြင့် ခင့်ရင်ထဲတွင် ဗလောင်ဆူသွားသကဲ့သို့ ဖြစ်သွားသည်။
"အသော် နှစ်ရက်လောက်ခွင့်တင်ချင်တယ်"
"ဘာလို့လဲ အသော်"
"အိမ်ပြန်မလို့ပါ မပြန်တာလဲ ကြာပြီလေ"
"ခင်လဲ လိုက်မယ်"
"ဟာ .... မလိုက်ပါနဲ့ ခင်က ခြေထောက်လဲနာနေတာကို"
"အသော် သွားရင် ခင်လဲလိုက်မယ်လို့ ခင့်ကိုမထားခဲ့ပါနဲ့နော်"
ခင်သံယောဇဉ်တွယ်နေမိသည်။
ခင်သည် လူတစ်ယောက်ကို ဉပေက္ခာပြုခြင်းမှာညံ့ဖျင်းသည်မက လူတစ်ယောက်ကို ချစ်မိလျှင်လည်း အနားတွင်သာ တောက်တဲ့ကဲ့သို့နေလေသည်။အသော်က အသက် 24ပဲရှိသေးကာ ရုပ်ရည်ပြေပြစ်ပြီး အမျိုးသမီးချင်းေတာင် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦးဖြစ်သည်မို့ ခင်စိတ်မချသည်မှာမလွဲပေ။
ကျောင်းနေချိန် အခါတည်းက
အသော်ယောက်ျားလေးဆန်ဆန်ေနသဖြင့် ယောက်ျားလေးနှင့်မှားကာ မိန်းကလေးများခနခနလာပိုးခြင်း ခံရဖူးသည်။_____________
တစ်ပတ်တာအနားယူပြီးနောက် ခင်ရှုတင်ပြန်သွားရပေတော့မည်။
မသွားတာကြာ၍ ခင်မသွားချင်သလို ပျင်းလာမိသည်။ကားမောင်းနေသော အသော်မှာ့ ခင့်ကိုကားမှန်ထဲမှာ့ ကြည့်ရင်း
"ခင် ဒီနေ့မျက်နှာလဲမကောင်းပါလား ဘာဖြစ်နေတာလဲဟင်"
"မသိဘူး ခင့်စိတ်ထဲမှာ ခင်မသွားချင်ဘူးဖြစ်နေတယ်"
YOU ARE READING
You are my heart 🤎
Roman d'amourအချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ အသော်မသိဘူး မေသော်ခ မင်းမသိတာမဟုတ်ပဲ မသိချင်ယောင်ဆောင်ခဲ့တာပဲမလား ညှို့လွန်းခင် အချစ်စစ်ရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုရင် အန်တီဆိုတဲ့ န...