(70.2) Baby You are amazing!

3.2K 525 2
                                    

Unicode

ရှန်ချင်းရှုရဲ့ လှုပ်ရှားမှုတွေက ဟန်ချောင်ကိုသဘောကျစေတာကြောင့် ထပ်မံပြီး ပြိုင်မငြင်းတော့ဘဲ ပန်းကန်တွေပဲ ဆက်ဆေးလိုက်တယ်။

ရှန်ချင်းရှုက သူကိုဖက်တွယ်ထားရင်းမှ သူ့ရဲ့နားရွက်တွေဆီကို လေတွေမှုတ်ထုတ်လာတယ်။

"ကိုယ့်ကို စမနေနဲ့"
ဟန်ချောင် တိုးတိုးလေးပြောလိုက်တယ်။

ရှန်ချင်းရှုက ပြုံးလိုက်မိကာ:
"ကျွန်တော် ခဏလောက်အပြင်ကိုသွားရဦးမယ်"

"ဘာအတွက်လဲ"

"အလုပ်လေ.. Variety show ရိုက်ကူးဖို့သွားရမှာ"

"ဘယ်အချိန်လဲ"

ဟန်ချောင် ရေပိုက်ခေါင်းအောက်မှ ပန်းကန်ပြားကို အပြင်ထုတ်ပြီး သုတ်လိုက်တယ်။

ရှန်ချင်းရှုက သူ့ကိုပြန်လည်ပြောပြလာတယ်။

"နောက်တစ်ပတ်ကျရင် သွားရမှာ.. နှစ်ရက်ပဲရိုက်ကူးရမှာဆိုတော့ ပြီးတာနဲ့ပြန်လာခဲ့မယ်လေ.. ဒါကမြန်ပါတယ်"

"ကောင်းပြီ ..ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်"

ရှန်ချင်းရှုသူ့ကို အလုပ်မသွားဘူးလားလို့ မေးဖို့တွေးလိုက်ပေမဲ့ ဟန်ချောင်က နှစ်သစ်ကူးအတွက် ခွင့်ဆယ်ရက်ရထားတာကို ပြန်လည်သတိရသွားတာကြောင့် မမေးလိုက်တော့ဘူး။

"ကောင်းပါပြီ."
ရှန်ချင်းရှု သူ့ရဲ့မေးစေ့ကို ဟန်ချောင်ရဲ့ပုခုံးပေါ်မှာတင်လိုက်တယ်။

"ဘယ်လောက်တောင် ကောင်းမွန်လိုက်တဲ့ကောကောလဲနော်"

ဟန်ချောင်က သန့်စင်ပြီးသွားတဲ့ပန်းကန်တွေကို ဘေးမှာချလိုက်ပြီး မီးဖိုချောင်သုံးစက္ကူတချို့နဲ့ လက်ကိုသုတ်လိုက်တယ်။ ပြီးနောက် သူ့ရဲ့နောက်မှာရှိနေတဲ့ ရှန်ချင်းရှုကိုလှည့်ကြည့်ကာ ထိုသူရဲ့ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်တယ်။

"ကံမကောင်းလိုက်တာ ကိုယ့်ရဲ့တိတိကတော့ သိပ်ပြီးမကောင်းဘူးလေ"

ရှန်ချင်းရှု ဖြူစင်ရိုးသားဟန်လေးနဲ့ မျက်တောင်ခတ်လိုက်တယ်။

"ခင်ဗျားရဲ့တိတိကို ဘယ်လိုလုပ်ပြီးအပြစ်တင်နိုင်ရတာလဲ.. ခင်ဗျားရဲ့တိတိက သူ့ရဲ့ကောကောလောက်မကောင်းဘူးဆိုရင်တောင် သူက တိတိလေးဖြစ်နေတုန်းပဲလေ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now