Part. 18⛔

4.8K 220 4
                                    

'' ရင်အေးစေတဲ့ ရေခဲမုန့်၊ရွှေရင်အေး ၊ ရေခဲချောင်း အရသာစုံပါတယ်နော်.....''

စည်းရဲ့ တွန်းလှည်းလေးဆီမှ မောင်းသံလေးနဲ့အတူ စျေးရောင်းသံတို​့ထွက်ပေါ်လာတော​့ ထိုလမ်းကြားလေးမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပူဆာသံတွေ ဆူညံစွာထွက်ပေါ်လာသည်။

'' ဦးဦး...သားကို စော်ဘယ်ရီ ရေခဲချောင်းတစ်ချောင်းပေးပါ...''

'' တားက ချောကတ်တစ်ဂျောင်း....''

'' ဟားဟား...ဟုတ်ပြီ၊ချောကပ်နဲ့စော်ဘယ်ရီ နော်.....''

စကားမပီတဲ့ကလေးလေးတွေရဲ့အပြောကြောင့် သော်တာသဘောတွေကျရင်း စနောက်မိသည်။

ကလေးလေးနှစ်ယောက်အတွက် စည်းက ရေခဲချောင်းနှစ်ချောင်း ထုတ်ပေးလိုက်ပြီး သော်တာက ငွေလက်ခံယူသည်။ တစ်လမ်းဝင်တစ်လမ်းထွက် တွန်းလှည်းနဲ့စျေးရောင်းကြရင်း လမ်းထိပ်တစ်ခုက ညောင်ပင်ရိပ်အောင် စည်း တွန်းလှည်းလေးကိုရပ်လိုက်သည်။

'' အစ်ကို မောနေပြီလား ၊ နေကအရမ်းပူလာပြီ...မလိုက်ခဲ့ပါနဲ့ဆိုတာကိုဗျာ....''

'' ကိုယ့်ကို မလိုက်ခိုင်းတာက မင်း ဘယ်သူနဲ့ ချိန်းထားတာရှိလို့လဲ....''

'' ဟာဗျာ...ဘယ်ကသာရှိရမှာလဲ အစ်ကိုရ...အစ်ကို ပင်ပန်းမှာစိုးရိမ်လို့ပါ ...''

'' ထပ်မပြောနဲ့တော့.... ကိုယ်ပင်ပန်းရင် မင်းကိုပြောမှာ...''

နွေရဲ့အပူဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပူလာခဲ့ပြီ။ ဘဝသမား စည်းအတွက်က ကိစ္စမရှိပင်မဲ့ လုပ်နေကျမဟုတ်တဲ့အစ်ကို့အတွက်က ပင်ပန်းမှာသေချာသည်။ အစ်ကို့ကို အိမ်မှာပဲ နေစေချင်ပင်မဲ့ တစ်ပတ်ကိုအနည်းဆုံးတစ်ရက်လောက် သူနဲ့လိုက်ရမှကျေနပ်သည့်အစ်ကိုကြောင့် တစ်ပတ်တစ်ခါတော့ စျေးရောင်းခေါ်ရသည်။

တစ်ခြားသူတွေက အစ်ကို့ကိုဇိုးလို့ပြောကြပင်မဲ့ အစ်ကိုနဲ့အချိန်ကြာကြာ အတူတူရှိလေ အစ်ကိုဟာသူမြင်မိကြားမိတာထက် ပိုစိတ်ထားကောင်းသူဆိုတာသိလာလေပါပဲ။

အစ်ကိုနဲ့စည်းတို့ အိမ်ထောင်သက်တမ်း ခြောက်လကျော်လာခဲ့ပြီ။ဒီ့ထက်မက အချိန်တွေအကြာကြီး အစ်ကိုနဲ့အတူတူ ဘဝကို ဖြတ်သန်းသွားချင်သည်။ ဒါ့အပြင် အစ့်ကိုကို ခုထက်မကပိုကောင်းမွန်တဲ့ဘဝမှာထားချင်မိသည်။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Donde viven las historias. Descúbrelo ahora