Chapter 20_U

23K 1.8K 150
                                    

ခြောက်လခန့်ကြာပြီးနောက် ...

"နောင်သိုက်ရေ စားပွဲပေါ်က ကြေးဒင်္ဂါးပြားလေးဆယ်ယူလိုက် ... ပြီးရင် ကိုသုသုတို့ဆိုင်ကိုသွားပြီး ခေါက်ဆွဲ နဲ့ မုန့်ဖတ် ကြေးဒင်္ဂါးပြား နှစ်ဆယ်ဖိုးစီဝယ်လာခဲ့နော်"

"ဟုတ် ဖေဖေ"

"ကိုစောမောင် အုန်းနို့ခေါက်ဆွဲသုံးပွဲနဲ့ မုန့်ဟင်းခါးလေးပွဲရပြီ"

"လာပြီ လာပြီ"

"ကိုဟန်လေး ခေါက်ဆွဲသုပ်တစ်ပွဲ အုန်းနို့ခေါက်ဆွဲတစ်ပွဲ စားမယ်ဗျို့"

"ကိုသူရရေ ခဏလေးစောင့်ပေးပါဦးဗျ"

ကိုသူရက သစ်ထူးတို့ဘေးခြံမှ ဖြစ်ပြီး လွန်ခဲ့သည့် လေးလက သူနှင့် သူ့ဇနီး မရင်လှတို့က သစ်ထူးတို့၏ ဘေးခြံကို ပြောင်းလာကြတာပင်။

လင်မယားနှစ်ယောက်လုံးက သဘောကောင်းကြတာမို့ ပြောင်းလာပြီး သိပ်မကြာခင်ပဲ ဟန်လေးတို့နှင့် ရင်းနှီးသွားခဲ့သည်။

ကိုသူရတို့ လင်မယားနှစ်ယောက်က ပရိဘောဂဆိုင်လေးတစ်ဆိုင် သူတို့အိမ်တွင် ဖွင့်ထားသည်။

သစ်ထူးတို့ကတော့ ဟန်လေးနှင့် စောမောင်သင်ပေးထားသည့်ပညာများဖြင့် မုန့်ဖတ်နှင့် ခေါက်ဆွဲဖတ်များပြုလုပ်ကာ ခက်လက်မြို့ပေါ်တွင် ရောင်းချပြီး အလွန်ကို စီးပွားဖြစ်နေတော့သည်။

သုခလေးကတော့ မွေးခါနီးနေပြီဖြစ်သည်။

ဟန်လေးတို့က မုန့်ဟင်းခါးနှင့် မုန့်ဖတ်သုပ်အပြင် အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုတ် မုန့်နှစ်မျိုးကိုပါ ထပ်တိုးရောင်းခဲ့သည်။

ဆိုင်က ထပ်မံတိုးချဲ့လိုက်ရပြီး အခုတော့ ခက်လက်မြို့တွင် အတော်လေးနာမည်ကြီးသည့်အပြင် အခြားမြို့ရွာများအထိပါ နာမည်ကြီးသွားတော့သည်။

တချို့ သူဌေးအိမ်များက အလှူလုပ်သည့်အချိန်တွင် စောမောင်တို့ထံမှ လူအယောက် ၁၀၀ စာ၊ ၁၅၀ စာ စသဖြင့် စောမောင်တို့ရောင်းချသည့် မုန့်များကို မှာယူတတ်ကြသည်။

ဆိုင်က လက်မလည်အောင် ဈေးရောင်းရသည်။

ခြောက်လအတွင်း စောမောင်က နောက်ထပ် မြင်းနှင့် မြင်းလှည်း နှစ်စီးထပ်ဝယ်ကာ ရွာမှ ယုံကြည်စိတ်ချရသူ သူငယ်ချင်းနှစ်ယောက်အား အငှားမောင်းစေသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now