ကျောင်းပိတ်ချိန်ရောက်ပီမို့ အိမ်ပြန်လာတဲ့ဂျွန်ဆောတစ်ယောက် အိမ်ရောက်ရောက်ခြင်း ခြံဝန်းထဲက မက်မွန်သီးပင်ဆီအရင်ပြေးသည်။နွေဦးအချိန်ဖြစ်တာကြောင့် မက်မွန်ပွင့်တချို့ရယ် မက်မွန်သီးတစ်ချို့ရယ်နဲ့ ဝေဆာနေတဲ့ မက်မွန်ပင်ကိုကြည့်ပီး ကျေကျေနပ်နပ်ကြီးပြုံးသည်။
"ဂျွန်ဆောရေ..အိမ်ပြန်ရောက်တာကိုအမေ့ဆီအရင်မလာပဲ မက်မွန်ပင်ဆီအရင်သွားရသလား"
"ဟီး မေမေကလဲ"
၆ပေနီးပါးရှိတဲ့မက်မွန်ပင်က ဂျွန်ဆောကိုယ်တိုင် အပင်ပေါက်သေးသေးကနေအရိပ်တကြည့်ကြည့်စိုက်လာခဲ့တာကြောင့် ဂျွန်ဆောအတွက်တော့ညီလေးလို။ဘယ်လောက်တောင်သံယောဇဉ်တွယ်သလဲဆိုရင် အိမ်ပြန်ရောက်ရောက်ချင်း မက်မွန်ပင်ဆီအရင်ပြေးတာပဲကြည့်တော့။
အကြောင်းသိနေတဲ့ ဂျွန်ဆောမေမေကအိမ်ထဲကထွက်လာပီး ခြံထဲဆင်းလာသည်။ကျောင်းဖွင့်ချိန်တစ်လျှောက်လုံးမတွေ့ရခဲ့တဲ့ သားလေးကို မက်မွန်ပင်အောက်မှာပဲအလွမ်းသယ်ရသည်။
"ကြည့် ကြည့် ဂျွန်ဆောကမက်မွန်ပင်ကိုမေမေ့ထက်တောင်ပိုချစ်နေသလိုပဲ။အပင်များမဟုတ်ရင် ဖက်တောင်နမ်းမလားမသိဘူးနော်"
"မေမေကလဲ မေမေ့ကိုအချစ်ဆုံးပါနော်။မုန့်စားရင်အကြိုက်ဆုံးဆိုနောက်ဆုံးမှစားတာလေ အခုလဲမေမေ့ကိုအချစ်ဆုံးမလို့ နောက်ဆုံးမှလာနှုတ်ဆက်မလို့ကို"
"အမလေး ချွဲတာတော့တော်ပါ့"
ဂျွန်ဆောတို့ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးက အတော်လေးကောင်းမွန်သည်။
"မက်မွန်သီးတွေအများကြီးသီးနေပီဆိုတော့ မေမေတို့ခူးပီး ယိုထိုးကြမလား"
"ကောင်းသားပဲ။ထပ်ပိုသေးရင် မက်မွန်ဝိုင်လဲလုပ်ကြမယ်"
"ကောင်းပါပီရှင်။သား ခြင်းတောင်းသွားယူလိုက်"
ဒီလိုနဲ့နှစ်ယောက်သား မက်မွန်သီးပိစိလေးတွေကိုချန်ထားခဲ့ပီး အမှည့်တွေအကုန်ခူးလာလိုက်တာတောင်းကြီးနဲ့အပြည့်ရသည်။ဂျွန်ဆောရဲ့မေမေက ယိုထိုးဖို့တာဝန်ယူပီး ဂျွန်ဆောဖေဖေကတော့ ဝိုင်လုပ်ဖို့တာဝန်ယူတာမလို့ ဂျွန်ဆောက ဧည့်ခန်းထဲမှာ အင်္ကျီလက်တို ဘောင်းဘီတိုနဲ့အားရပါးရထိုင်ရင်း မက်မွန်သီးတွေအခွံနွှာဖို့ တာဝန်ယူရသည်။
YOU ARE READING
If hyung is moon , I will be a star
FanfictionLee daeul x Lim Junseo oneshot collections