Unicode
"ညီမလေးက အလုပ်မှာ အဆင်ရောပြေရဲ့လား၊ သူကငယ်ငယ်ထဲက ဘာမှသိပ်ပြီး လုပ်တတ်တာမဟုတ်ဘူး၊ အကယ်၍များ သူက အမှားတွေလုပ်ခဲ့မယ်ဆိုရင်လည်း သေချာဆုံးမပြီး သင်ပြပေးဖို့ အကူအညီတောင်းပါတယ်"
"သူကအလုပ်မှာ တော်ပါတယ် ငွေနည်းနည်းမက်ရုံကလွဲလို့"
နေဝန်းအာဏာရဲ့ မှေးစင်းထားတဲ့ မျက်လုံးတွေက ကောက်ကျစ်စင်းလဲပုံပေါ်ပြီး သူ့ရှေ့က စကားတပြောပြောလုပ်နေတဲ့ ဖြူဖြူစင်စင် ယုန်ဖြူလေးထံသာ ရစ်ဝဲနေသည်။ ယုန်ဖြူလေးက မျက်လွှာလေးချပြီး ခပ်အေးအေးလေးပြုံးကာ..
"ကျွန်တော် သူ့ကို ငွေနောက်မလိုက်ဖို့ အမြဲဆုံးမပါတယ်၊ ဒါပေမဲ့လည်း သူက ကျွန်တော့်ခြေထောက်တွေကို ကုပေးချင်နေတာလေ"
နေဝန်းအာဏာရဲ့ မျက်ခုံးတွေက အနည်းငယ်ကျုံ့သွားပြီး သူ့ရှေ့ကလူကို ခပ်ဆတ်ဆတ်မေးလိုက်မိ၏။
"မင်းညီမ ဘာအလုပ် လုပ်နေတယ်ဆိုတာ မင်းသိလား?"
"သူကဒီမှာ Cashier မဟုတ်ဘူးလား"
အူတူတူမျက်ဝန်းလေးများက အရိုးခံအတိုင်းသာ..
နေဝန်းရဲ့မေးရိုးတွေက ခပ်တင်းတင်းဖြစ်သွားသည်။ ယုန်ဖြူလေးမှာ ပြည့်တန်ဆာညီမတစ်ယောက်ရှိပြီး ထိုအကြောင်းကိုတောင် သူကသိပုံမရဘူး။
ဘေးမှာရှိနေတဲ့ မန်နေဂျာကို မေးငေါ့ပြပြီး
"သူ့ညီမနာမည်သိလား?"
"အဲ့တာက..မနေ့က အကိုကြီးနေဝန်းဆီကို ပို့ပေးလိုက်တဲ့ တစ်ယောက်ပါ"
နေဝန်းရဲ့ မျက်နှာက ဆတ်ခနဲတွန့်သွားသည်။ မနေ့က...အသစ်မဟုတ်တဲ့သူ!
"နဒီနိုင်ကို ငါပြောတဲ့အတိုင်းပြောထားလိုက် သူ့ကိုငါခေါ်သွားမယ်"
နေဝန်းအာဏာက မန်နေဂျာကို စကားအချို့ တီးတိုးကပ်ပြောနေပြီး ယုန်ဖြူလေးက ဝှီးချဲလေးပေါ်မှာ ငြိမ်သက်စွာစောင့်နေခဲ့သည်။
"သွားကြမလား"
မျက်ဝန်းထောင့်စွန်းလေးတွေက ကွေးညွတ်ပြီး အရည်ကြည်လေးတွေလဲ့ကာ တောက်ပနေတတ်တဲ့ မျက်ဝန်းလေးတွေက ခပ်ပြုံးပြုံးလေး မော့ကြည့်လာခဲ့၏။

VOCÊ ESTÁ LENDO
Even The Devil , Once An Angel(COMPLETED)
RomanceSatan knows that he never be an angel again. Nay Wunn Arnar Chan Wai 14.3.23 9.8.24