Chapter 22_U

22.8K 1.7K 192
                                    

ဆယ်ရက်ခန့်ကြာပြီးနောက် သမားတော်ကြီးနှင့် နောင်သိုက်တို့ ခက်လက်မြို့သို့ပြန်ရောက်လာခဲ့ကြသည်။

သမားတော်ကြီး၏ အကူအညီဖြင့် နောင်သိုက်တို့၏ အမွေဆိုင်အိမ်နှင့် အတွင်းပစ္စည်းများကို ရောင်းချကာ အမွေတစ်ဝက်ဖြစ်သော ငွေဒင်္ဂါးတစ်ရာအား နောင်သိုက်တို့ ပြန်လည်ရရှိခဲ့သည်။

ကျန်တစ်ဝက်ကတော့ လောဘကြီးသည့် နောင်သိုက်၏ဦးလေး လင်မယားကို ပေးလိုက်တာပင်။

မကောင်းတဲ့သူများဖြစ်သော်ငြား သူတို့တွင်လည်း အမွေခံစားခွင့် ရပိုင်ခွင့်ရှိတာမို့ သမားတော်ကြီးလည်း အတင်းအကျပ်မလုပ်တော့။

ခက်မမြို့သို့သွားသည့် ခရီးတစ်လျှောက်လုံး သမားတော်ကြီးအား နောင်သိုက်အား အထူးဂရုစိုက်ပေးသည်။

ခက်မမြို့ပေါ်သို့ရောက်သည့်အချိန်တွင်လည်း မြို့စားမင်းစံအိမ်တော်တွင် နောင်သိုက်က သခင်လေးတစ်ဦးသဖွယ် ပြုစုခြင်းကို ခံရသေးသည်။

သမားတော်ကြီး၏ ယောက်ျားဖြစ်သူ မြို့စားမင်းကြီးက သမားတော်ကြီးကို အလွန်ချစ်ပုံပေါ်၏။

သမားတော်ကြီး၏ မျက်နှာအား တစ်ချက်လေးတောင် အညှိုးမခံပဲ သမားတော်ကြီး တောင်းဆိုသမျှအား အလိုလိုက်အကြိုက်ဆောင်ပေးသည်။

နောင်သိုက်တို့ ပြန်လာတော့ မြို့စားမင်းကြီးမှာ သမားတော်ကြီးအား မခွဲချင် ခွဲချင်ဖြင့် နောက်တစ်ပတ် ခက်လက်မြို့ကို ဆက်ဆက်လာခဲ့မည်ဟု တတွတ်တွတ်မှာနေလေ၏။

"ကဲ ဒီမှာ ငွေဒင်္ဂါးတစ်ရာ ... ကလေးနှစ်ယောက်ကို နောက်နောင်ပြဿနာလာမရှာဖို့အတွက်ပါ ကတိတောင်းခဲ့တယ် ... သူတို့လင်မယားလာနှောင့်ယှက်ရဲမှာ မဟုတ်ဘူး"

"ကျေးဇူးပါ သမားတော်ကြီး"

ဟန်လေးက သမားတော်ကြီးအား ရိုကျိုးစွာကျေးဇူးတင်ကြောင်းပြောတော့ သမားတော်ကြီးက မလိုကြောင်းလက်ကာပြသည်။

"ငါပြောခဲ့တယ်လေ .. ငါမြို့ပေါ်မသွားခင်တုန်းက စားသွားတဲ့ ပူတင်းဆိုတာ အဲ့တာ ငါ့ကိုလုပ်ကျွေးဦး"

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now