မှောင်ရီရိပ်အနည်းငယ်သန်းနေပြီသည့်ပတ်ဝန်းကျင်သည် ကားမှတ်တိုင်၌ထွန်းထားသည့်ဝါကျင်ကျင် မီးရောင်လေး၏အကူညီဖြင့်မှိန်ပြပြလင်းနေသည်။
ညပုရစ်များ၏အော်ဟစ်သံများပင်မကြားရသောကြောင့် တိုက်ခတ်နေသည့်လေအေးတချိူ့နှင့်အတူ ခပ်ဖွဲဖွဲရွာသွန်းနေသည့်မိုးရေစက်များ၏ကျဆင်းသံမှလွဲ၍ ပကတိတိတ်ဆိတ်လို့နေသည်။အချိန်အတော်တန်လင့်လာသည်နှင့်အမျှ ဟီဆွန်း၏လက်ညိုးအား ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားသည့်ဂျောင်ဝန်း၏လက်ဖဝါးသေးသေးမှာပြေလျော့လာပြီး ငုံ့လျိုးထားသည့်ခေါင်းအောက်မှ မျက်ခွံလေးများမှာလည်းခပ်ဖြေးဖြေးမှေးစင်းလာသည်။
" ဂျောင်ဝန်းနီ အိပ်ချင်နေပြီလား ။ "
" ဟင့်အင်း "
ဟီဆွန်း၏အမေးစကားကိုကြားသည်နှင့်ဆက်ကနဲမော့ကြည့်လာသည့် ဂျောင်ဝန်းသည်လေးပင်နေသည့်လေယူလေသိမ်းလေးဖြင့် ဆံပင်အုပ်အုပ်လေးများဝဲခါသည်အထိ မအိပ်ချင်သေးကြောင်းငြင်းဆန်ပြလာသည်။
ညနေစောင်းအချိန်၏အေးစိမ့်စိမ့်လေထုကိုပင်သည်းခံ၍ ကျောင်းမှပြန်လာမည့်ဆောင်းဟွန်းအား ဂျောင်ဝန်းကစောင့်၍ကြိုချင်သေးသည်ဖြစ်မည်။" ဆောင်းဟွန်းစီးလာမယ့် ဘတ်စ်ကရောက်လာတော့မှာ။
ဂျောင်ဝန်းနီ အစ်ကို့ရဲ့ကျောပေါ်တက်ပြီး အိပ်မလား။ "" မအိပ်ဘူး ကိုကိုရောက်လာတဲ့အခါ ဂျောင်ဝန်းကစောင့်မနေပဲအိပ်ပျော်နေတာကိုမြင်သွားရင် ကိုကိုကစိတ်ဆိုးသွားမှာပေါ့ ။ "
သူ့အတွေးလေးနှင့်သူ ပူပန်၍ပြောလာသည့်ဂျောင်ဝန်း၏စကားများကြောင့် ဟီဆွန်းကပုခုံးစွန်းလေးများလှုပ်ခတ်သည်အထိ ခပ်တိုးတိုးရယ်မောတော့သည်။ အခြားရက်များတွင်လည်း စောင့်နေရင်းအမြဲတမ်းအိပ်ပျော်သွားသည်က သူမဟုတ်သလိုပင်။
" အင်း ! အဲ့ဆိုကျောပေါ်တက်ပြီးပဲ စောင့်နေမလား ။
မအိပ်ချင် မအိပ်နဲ့လေ ဂျောင်ဝန်းခြေထောက်လေးတွေ
အေးနေမှာစိုးလို့ ။ "ကျိူးကြောင်းဆီလျော်စွာပြောလာသည့် ဟီဆွန်း၏စကားအားနားစွင့်နေသည့်ဂျောင်ဝန်းသည် မျက်ဝန်းလေးများတဖျပ်ဖျပ်ခတ်၍ လက်ခံသင့်လက်မခံသင့်ကို စက္ကန့်အနည်းငယ်မျှစဉ်းစားဟန်ပြုနေသည်။
YOU ARE READING
𝖬𝖾𝗇𝗎 𝖮𝖿 𝖧𝖺𝗉𝗉𝗂𝗇𝖾𝗌𝗌 ( Commission)
Romancesunghoon _what will I get in return if I accept your love? jungwon _ happiness