အပိုင်း(၄၂)
"ဟေ့ မသွားနဲ့ ဒီကိုပြန်လာခဲ့"
ထိုအသံစူးစူးလေးလေးကြီးဟာ ဦးသွင်မင်းရဲ့အသံဆိုတာ စွဲညှို့သိပါသည် ကြောက်လန့်နေပေမယ့် စိတ်ကိုတင်းကာ လှည့်ကြည့်လိုက်ပြီး
"ဦးလေး"
"..."စကားမပြောပဲ အတန်ငယ်တိတ်ဆိတ်သွားပြီးနောက် စကားတခွန်းထွက်လာခဲ့သည်
"အိမ်ရှေ့ကနေသွား..."
စွဲညှို့ရော ခေတ်ကောမျက်လုံးပြူးကာ ကြောင်တောင်တောင် ကြည့်နေပေမယ့် ခေတ်က စွဲညှို့ကို မျက်စပစ်ကာ မြန်မြန်သွားဖို့အမူရာလုပ်ပြလိုက်တော့မှ ခပ်သုတ်သုတ်ပဲ အိမ်ထဲကနေဝင်သွားကာ အိမ်ပြင်ထွက်သွားတော့သည်ကျန်ခဲ့သူ ခေတ်ကတော့ခေါင်းလေးငုံ့လျက် အိမ်ထဲ ဝင်ချိန်မှာ
"သမီး.."
"ရှင်ဖေဖေ.."အဖေ့ခေါ်သံကြောင့်အနည်းငယ်လန့်သွားရသည်
"လာတွေ့မယ်ဆို အိမ်ရှေ့ကနေဝင်ပြီးမှလာတွေ့လို့ပြောလိုက် အဲ့လိုခြံစည်းရိုးခွခွဝင်နေတာ သုံးနှစ်ရှိပြီ ငါ့ခြံက သံတိုင်တေ ကျွံကုန်မယ်"
"ဟုတ်...ဟုတ်ကဲ့ ဖေဖေ"ဖေဖေရဲ့မျက်စောင်းအကြည့်ကိုရလိုက်ပေမယ့် ဖေဖေ့ဆီမှ မျှော်လင့်ချက်ရောင်ခြည်တန်းလေးရေးရေးလေးမြင်လာရပေပြီမို့ မမညှို့ဇွဲကောင်းရကြိုးနက်ခဲ့ပေပြီမြေးဖြစ်သူတစ်ဖက်အိမ်ကိုသွားတာ တားနေပေမယ့် မြေးကိုယ်တိုင်ကိုက စွဲညှို့အပေါ်မှာ တွယ်တာလွန်းတာကြောင့် မြေးစကားမပယ်ရှားနိုင်ပဲ မသိချင်ယောင်ဆောင်ကာ ကြည့်နေရသည်
သူ့အိမ်ကလူတေလည်းဘာဖြစ်နေကြမှန်းမသိ တစ်စိတ်ရှိ ခေါင်းရင်းအိမ်ပဲသွားနေကြသည် တစ်ယောက်ယောက်ပျောက်သွားတာနဲ့မရှာလိုက်နဲ့ရှာလိုက်လျှင် တဖက်အိမ်ရောက်နေသည် သားလတ် မဟာကလည်း စီးပွားရေးနဲ့ပတ်သတ်တာတေလေ့လာဖို့ ထိုအိမ်ကို အမြဲဝင်ထွက်နေသည် အကြီးကောင်ကလည်း သူ့အလုပ်နဲ့ဆက်နွယ်နေတဲ့ အတွက် သွားရသလို မိန်းမနဲ့ကလေးကိုခေါ်ဖို့သွားသွားနေသည် မသွားတာဆိုလို့ သူနှင့် သမီးငယ်သာရှိတော့သည်
သမီးငယ်ကတော့ အားလုံးထက်အဆင့်မြင့်သည် သူကိုယ်တိုင်သွား တွေ့စရာမလို တဖက်လူက ခြံစည်းရိုးခွ ကျော်ပြီးလာလာတွေ့သည် ဘေးအိမ်တေကတောင်ပြောနေကြပြီ
မြင်မကောင်းဘူးတဲ့ ခြံစည်းရိုးဖျက်ရင်လည်းဖျက်မဖျက်ရင်လည်း အိမ်ထဲသာဝင်ခွင့်ပေးလိုက်ပါ တဲ့လေ တော်တော်မနိုင်တဲ့ဟာတေပါ
ခေတ်ကြီးကလည်းတဖြည်းဖြည်းပြောင်းလဲလာတာမို့ လိင်တူနှစ်သက်သူတေကလည်း ပေါ်ပေါ်ထင်ထင်ရှိလာကြပြီမို့ ပတ်ဝန်းကျင်တွင်သိပ်မထူးဆန်းလှတော့ပေ
ဦးသွင်မင်း ယခုဆို စိတ်ကိုတစ်ထစ်လျော့လိုက်ပြီဖြစ်သည်
သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းက ဒီနေ့အထိ တည်မြဲနေတဲ့အတွက်လည်း ချီးကျူးမိပါသည် သို့ပေမယ့် အဆုံးစွန်ထိတော့သဘောမတူသေးပါ လက်ထပ်ဖို့တော့ သဘောမတူနိုင်သေးပါ စောင့်ကြည့်ပါဦးမည် ဘယ်လောက်ထိဇွဲကောင်းနိုင်မည်လဲ
..........
စွဲညှို့တစ်ယောက် တစ်နေ့တစ်နေ့ ဘုရားစင်ရှေ့ထိုင်ကာ ရှိခိုးတိုင်း ယောက္ခထီးလောင်းနာမည်ထည့်ထည့်၍ ဦးဆုံးမေတ္တာပို့ နေသည်မှာ ယခုတော့ မေတ္တာရောင်ပြန်ဟပ်ခဲ့သည်မို့ တော်တော်လည်း ပျော်နေရသည်
ချစ်သူကိုတရားဝင်တွေ့ခွင်ရခဲ့သည် သို့ပေမယ့် အရင်လို နမ်းချင်တိုင်းမနမ်းရ ဖက်ချင်တိုင်းဖက်မရပါ လက်ကိုင်ရင်တောင် ယောက္ခထီးကြီးက အကြည့်ဆူးဆူးကြီးနဲ့စိုက်ကြည့်နေတတ်သေးသည်
တခါတလေတော့လည်းစိတ်ညစ်မိပါသည် ချစ်ချင်တိုင်းမချစ်ရလို့ အားမရပါ အရင်လို ခြံစည်းရိုးပြန်ခွ ကျော်တာကမှ ချစ်ချင်တိုင်းချစ်ခွင့်ရသေးသည်
ဘလိုပဲဖြစ်ဖြစ် ယောက္ခထီးမျက်နှာရေအာင် ဆန္ဒကိုသိက္ခာနဲ့ထိန်းပြီး နေနေရပါဦးမည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...