Ep . 6

162 9 6
                                    

ထီးတစ်ချောင်းအောက် နှစ်ယောက်အတူ ခိုလှုံကောင်းလို့ စာအုပ်တွေ မိုးအနည်းငယ် စိုသွားသေးသည်။ ရေစိုသွားတဲ့ စာအုပ်တွေကို ထမင်းအိုးပေါ်တင်ပြီး အပူပေးလိုက် ၊ မီးပူတိုက်လိုက်နဲ့ တစ်ယောက်တည်း အလုပ်တွေရှုပ်နေတော့တာပါပဲ။

ဟိုကောင် ငြိမ်းချမ်းရော အဆင်ပြေပါ့မလား ။သူ့စာရွက်တွေ ရေစိုသွားသေးလား ၊ဒါမှမဟုတ် ဖျားများ ဖျားနေမလား ....စတဲ့အတွေးတွေ ဝင်မိတော့ ကိုယ့်ခေါင်းကိုယ်သာ ပိတ်ရိုက်လိုက်ချင်မိတယ် ။ သူ့ဘာသာ ဘာဖြစ်ဖြစ်ပေါ့ ကိုယ်နဲ့ ဘာဆိုင်တာကျလို့ ။

ကျောင်းရောက်တော့ အရင်ဆုံးရှာမိတာက ဟိုကောင်ငြိမ်းချမ်းကို ။ဒီကောင်ကျောင်းရော လာပါ့မလားမသိ ။ အိမ်နီးနီးလေးတောင် ညနေဘက်ကို သတင်းသွားမမေးမိတဲ့ သူကပဲ မှားတာပါ ။

"ရောက်လာပြီလား ခန့်ထူး"

"မင်းအပူပါလို့လား "

ရောက်မလာလောက်ဘူးထင်ထားပေမယ့် တကယ်တမ်းရောက်လာတော့လည်း စိတ်ကဘာကိုမကြည်လို့ မကြည်မှန်းမသိပေ။

"ငါက မင်းဖျားနေလောက်မယ်ထင်နေတာ "

"ငါကမိုးနည်းနည်းမိရုံလေးနဲ့ ဖျားရအောင် ကလေးလား "

ဟုတ်ပါတယ် ခန့်ထူးမောင်က ကလေးမှမဟုတ်ပါပဲ ။ ဒါဆို ဘာကြောင့်များ သူ့ကို ကလေးတစ်ယောက်လို သဘောထားပြီး စနောက်ချင်နေမိသလဲ မတွေးတတ်တော့ပါ ။ ခန့်ထူးမောင်နဲ့က ဒီနှစ်မှစတွေ့တာတောင် အားလုံးထက် သူ့နဲ့ပိုပြီးရင်းရင်းနှီးနှီးရှိချင်နေမိတာ ။

"ဟဲ့ ငြိမ်းချမ်း...ကိုကို "

ထက်ထက်လှိုင်ရဲ့ အသံက ကျွန်တော့်နာမည်အဖျားစွန်းလေးမှာ တိုးတိမ်သွားတယ်  ။

"အင်း ဘာလဲပြောလေ "

ထက်ထက်လှိုင်ကို မော့ကြည့်ပြီးမေးလိုက်တော့ Ecoစာအုပ်ကို စားပွဲပေါ်တင်ပေးလာတယ် ။

"ငါ အခန်း ၂ ကစာတွေသိပ်နားမလည်လို့ နည်းနည်းရှင်းပြပါ့လား "

တကယ်ဆို ကိုယ်က စာသိပ်တော်နေတဲ့အထဲမှာလည်းမပါ ပါဘူး ။ ဒါကိုလည်း သူသိပြီးသား ။ စာသင်တဲ့အချိန်မှာ အိပ်ရင်အိပ် မအိပ်ရင် အိမ်သာသွားပြီး အလေလိုက်နေတတ်တဲ့ကောင်မျိုး ။ အဲ့လိုကောင်ကို ဘာလို့များ စာရှင်းပြခိုင်းနေရသလဲ ကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး ။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Where stories live. Discover now