prologue

572 30 4
                                    

BETTING [BINHAO] - unicode

တိတ်ဆိတ်လှသော ဆိုးလ်မြို့အပြင် အဝေးပြေးလမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှစ်စီး မိုင်ကုန်မောင်းနှင်လျက်ရှိသည် ။ ဆောင်းညတစ်ညဖြစ်သော်ငြား ဆိုင်ကယ်ပေါ်ရှိလူနှစ်ဦးမှာ မချမ်းနေပုံ ။ မချမ်းတတ်တာလည်း ဖြစ်နိုင်သလို ၊ ချမ်းဖို့ကိုပင် စိတ်မရောက်နိုင်တာလည်းဖြစ်နိုင်သည် ။

ရှေ့တွင် ထိုသူနှစ်ဦးကဲ့သို့ ပြိုင်ဘီးဆိုင်ကယ်ပိုင်ရှင််အချို့ရှိနေသည် ။ နီးကပ်လာလေလေ အမြင်ပြတ်သားလာလေလေဖြစ်သည် ။ လူဆယ်ဦးမက ရှိနေပြီး ယောက်ျား ၊ မိန်းမ ရောနှောလျက်ရှိသည် ။ ကြည့်ရတာ တစ်ခုခုအားစောင့်နေသလိုပင် ။

"ဒီကောင်တွေကကွာ အစောကြီးရောက်နေကြတာပဲ ဟက်"

မျက်စိရှေ့တွင်မြင်တွေ့နေရသော လူအုပ်စုကို ကြည့်ရင်း ထိုသူနှစ်ဦးထဲက တစ်ဦးက ဆိုသည် ။
ပြောရင်းပင် လူအုပ်စုရှိရာကို ဆိုက်ရောက်သွားကြပြီး အချင်းချင်းမိတ်ဆက်လျက်ရှိကြသည် ။

"လိုရင်းကိုသာလုပ်ကြ .. ။ အချိန်မရဘူး"

တစ်လမ်းလုံး တိတ်ဆိတ်လျက်ရှိသော ထိုလူသားက helmet ချွတ်ရင်း ပြောသည် ။

လေယူလေသိမ်းသည် တရုတ်သံအနည်းငယ်ပေါက်နေတာကြောင့် လူအုပ်စုထဲက သွေးရောကောင်လေးတစ်ယောက်က ဝင်မေးသည် ။

"အနာဂတ်လောင်ကုန်းရဲ့နာမည်အရင်းလေးသိပါရစေ .."

"ကျန်းဟောင့်.. သူ့နာမည်ကိုပြောတာ ။ ငါ့နာမည်က ဟန်ဘင်း"

အနှီအမျိုးသား အနာဂတ်လောင်ကုန်းလို့ ရည်ညွှန်းလိုက်သောသူအား ဟန်ဘင်း လက်ညိုးညွှန်ရင်း မိတ်ဆက်ပေးနေသည် ။

ကျန်းဟောင့်ဆိုတဲ့အမျိုးသားကတော့ စိတ်ရှုပ်ဟန် ၊ မနှစ်မြို့ဟန်ပေါ်လျက်ပင် ။

"ကဲ ကဲ ပြောရမယ်ဆိုရင် .. မင်းတို့နှစ်ယောက် ဒီတခါ ဆိုင်ကယ်ပြိုင်မောင်းရမှာမဟုတ်ဘူး .. ။ ကောင်မလေးတစ်ယောက်ကို ပြိုင်လိုက်ကြ .."

You've reached the end of published parts.

⏰ Last updated: May 28, 2023 ⏰

Add this story to your Library to get notified about new parts!

betting [ binhao ]Where stories live. Discover now