"Han Yujin!""ဗျာ"
"စာလုပ်ဖို့လာတာလား အိပ်ဖို့လာတာလား"
"စာလုပ်ဖို့လာတာပါကိုကို"
"ပြောလိုက်ပြီဆိုမျက်နှာငယ်လေးနဲ့"
"ကိုကိုကလဲကျွန်တော့်ကိုဆိုဘယ်တုန်းကမှချော့မှမပြောဖူးတာအရင်ဆုံးအော်ဖို့ပဲသိတာမလား"
"အချိုးမပြေလို့လေ ဖြစ်နိုင်ရင်မင်းအစ်ကိုJiwoongဆီပဲပြန်အပ်လိုက်ချင်တယ်"
"ကိုကို!!"
"ဘာလို့ခေါင်းငုပ်သွားတာလဲကြည့်ရအောင် မော့ပါအုန်း"
Gyuvinခေါင်လေးကိုမော့ခိုင်းပြီးကြည့်လိုက်တော့ငိုနေတဲ့Yujin။
"ဘယ်လိုဖြစ်လို့ငိုနေရတာလဲ ဘာမှလဲသေချာတောင်မဆူရသေးတာကို"
"ဟင့်~ကိုကိုကကျွန်တော့်ကိုဆိုအဲ့တိုင်းပဲ ကျွန်တော်လဲမငိုက်အောင်နေတာပဲကို~ဟင့်"
"ကျောင်းလူဆိုးလေးကဒါလေးပြောမိတာကိုငိုရလား"
"ကိုကြီးဆီမှာပြန်အပ်မယ်ဆိုတဲ့စကားလဲမပြောနဲ့အော်လဲမအော်နဲ့"
"ဟုတ်ပါပြီနောက်ဆိုပြောလဲမပြောတော့ဘူး အော်လဲမအော်တော့ဘူးနော် ခုတော့အိမ်ပြန်လိုက်ပို့ပေးမယ်"
"မပြန်သေးပါဘူး ကိုကိုစာလုပ်ချင်လုပ်လေ ကျွန်တော်ကုတင်ပေါ်ကစောင့်နေပေးမယ်"
"မပြန်သေးဘူးဆိုလဲစာလုပ်မယ်မဟုတ်ဘူး"
"ဟီးကိုကိုကလဲ"
ငိုထားလို့ဖောင်းအစ်နေတဲ့မျက်လုံးလေးကိုမှိတ်အောင်ထိရယ်ပြလာတဲ့ကောင်လေးချစ်စရာ။
Gyuvinစာလုပ်နေရင်းကုတင်ပေါ်ကကောင်လေးကိုလှည့်ကြည့်လိုက်တော့ဖုန်းစခရင်ကိုကြည့်ပြီးပြုံးနေတဲ့ကောင်လေး။
သူ့အစ်ကိုတွေသူ့အဖေတွေဆူရင်တောင်မှဘာမှသိပ်မဖြစ်တဲ့ကောင်လေးကကိုယ်နည်းနည်းလေးအသံမာလိုက်ရင်ကိုမျက်နှာလေးကငိုမဲ့မဲ့ဖြစ်လာတာကြောင့်အမြဲတမ်းလိုလိုလေသံမမာရဲ။
ကိုယ်အလယ်တန်းနောက်ဆုံးနှစ်မှာအိမ်ဘေးပြောင်းလာတဲ့ကောင်လေးကအလယ်တန်းပထမနှစ်တဲ့ မိဘချင်းကငယ်ငယ်ကတည်းကသိခဲ့တာကြောင့်ရင်းနှီးဖို့ဆိုတာမခက်ခဲခဲ့။

YOU ARE READING
Don't Shout KoKo//Gyujin(Completed)
Fanfiction"စကားနားမထောင်းရင်ပစ်ထားလိုက်တော့မှာနော်Yujin" -Gyuvin "ကိုကိုကကျွန်တော့်အချစ်တွေကိုမမြင်ချင်ယောင်ဆောင်ထားရတာကြိုက်တာလား" -Yujin