အခန်း(၃)

3.3K 215 20
                                    

Unicode

စီးပွားရေးတက္ကသိုလ်ရဲ့ ပထမနှစ် fresher welcome မှာ အစိုးရဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ နေဝန်းက မိန့်ခွန်းတက်ပြောရသည်။ ဒီတက္ကသိုလ်မှာ သူကိုယ်တိုင် တက်ရောက်ခြင်းမရှိခဲ့ပေမဲ့လည်း ဦးသက္ကရာဇ်အာဏာ ဟာ နေဝန်း ငယ်စဉ်ကပင် အရေးပါအရာရောက်သူဖြစ်ပြီး ကျောင်းအတွက်လိုအပ်သည့် သင်ကြားရေး ပစ္စည်းအများအပြားကို လှူဒါန်းလေ့ရှိခဲ့သည်။

မိန့်ခွန်းပြီးဆုံးသွားတဲ့နောက်မှာ လက်ခုပ်သံတွေကြီးစိုးသွားပြီး ချောမောတဲ့ သူ့ရုပ်ရည်‌က  mail box စာမျက်နှာမှာ ပြည့်နှက်သွားခဲ့သည်။ တက္ကသိုလ်အများအပြားက ကျောင်းသူတွေရဲ့ အာရုံကိုဖမ်းစားသွားပြီး ကောင်းသည့်မှတ်ချက်ရော ဆိုးရွားသည့်မှတ်ချက်များကပါ တက်လာတော့သည်။

"ပြန်မယ်"

"ပါမောက္ခက ခဏစောင့်ခိုင်းထားတယ် အကိုကြီး"

နေဝန်းအာဏာရဲ့ မျက်နှာက ပူလောင်မှုကြောင့် ချွေးစို့နေကာ အလိုမကျမှုတွေပြည့်နှက်နေခဲ့ပြီး

"ပါမောက္ခအားပေမဲ့ အကိုကြီးက မအားဘူးလို့ပြောလိုက်"

"ကြည့်ပြောထားလိုက် ငါတို့သွားနှင့်မယ်"

ဘုန်းမာန်က ပိုင်ဇေကို တိုးတိုးတိတ်တိတ်မှာခဲ့ပြီး ကားဆီကို ခပ်မြန်မြန်သွားနေတဲ့ နေဝန်းနောက်ကို ပြေးလိုက်သွားတယ်။

ကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးနေတဲ့ အေးချမ်းတဲ့လူကို အကြည့်တွေပို့ထားရင်း စိတ်ကလည်း ထိုလူ့အနားကို မြန်မြန်သာရောက်သွားချင်နေမိသည်။

အရှိန်မြှင့်လိုက်တဲ့ ခြေလှမ်းတွေဟာ နိဗ္ဗာန်မှာ ကျကျန်ခဲ့တဲ့ ခြေရာတွေဖြစ်လိမ့်မည်။

အနားကိုရောက်တော့ ခေါင်းလေးမော့ကြည့်လာပြီး ဝါဂွမ်းလေးလို နူးနူးညံ့ညံ့ နွေးနွေးထွေးထွေးလေးပြုံးပြလာတယ်။ ဝေခွဲရခက်ပြီး စိတ်ထဲမှာ ဖြစ်တည်နေတဲ့ တစ်စုံတစ်ရာဟာ ရုတ်ချည်း အင်အားကြီးလာခဲ့သည်။ ထိုယုန်ဖြူလေး အချိန်ပြည့်သာ ဒီလိုမျိုး ရယ်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ!

Even The Devil , Once An Angel(COMPLETED)Where stories live. Discover now