"တစ်နေကုန်လည်ရတာ ပင်ပန်းသွားပြီ တီချယ့်သမီးလေး"
"အိပ်တော့ နက်ဖြန်ကျ ဒီဇင်ဘာခြံလိုက်ပို့ပေးမယ်"
"ဟုတ်ကဲ့တီချယ်"
"ရှူခင်းတွေက လှလိုက်တာနော်တီချယ်"
"အဲ့တိုင်းငြိမ်ငြိမ်လေးနေ တီချယ်ပုံရိုက်ပေးမယ်"
"လှလားတီချယ်"
"တီချယ့်သမီးက အမြဲတမ်းလှ"
"ဟူး အခုမှပဲ စိတ်တွေပေါ့ပါးသွားတော့တယ် ၁၀တန်းတစ်နှစ်လုံး
စာကြောင့်နဲ့ စိတ်ဖိစီးလာရတာ""အဲ့ဒါတွေသိလို့ ရှင်လေးကိုအခု အပန်းဖြေခရီး
လိုက်ပို့တာပေါ့""ဒါပေမယ့် သမီးစိတ်ဖိစီးနေတာ တစ်ခုရှိသေးတယ်"
"ဘာများလဲ"
"တီချယ့်ဆီက အဖြေမရသေးလို့လေ"
"ဘာများလဲလို့ အဖြေကရမှာပေါ့ အောင်စာရင်း
ထွက်လို့4Dပါရင်""သမီးကဖြေနိုင်ခဲ့ပေမယ့် ဂုဏ်ထူးလွဲသွားရင်ကော"
"အဲ့ဒါတော့ တီချယ်လည်းမသိဘူးလေ"
"ဟွန်း တီချယ်အကျင့်ပုတ်ကြီး"
၁၀တန်းအောင်စာရင်းတွေကို လိုင်းပေါ်ကကြည့်လို့ရနေပြီဆိုတော့ နှင်းတစ်ယောက်မအိပ်သေးပေ
တစ်ဘက်တွင် မေလည်းမအိပ်သေးပေ တပည့်မလေးအတွက်
ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေလေသည်"သမီးရယ် စိတ်လှုပ်ရှားတာလည်း လှုပ်ရှားတာပေါ့
ငြိမ်ငြိမ်လေးနေစမ်းပါ မာမီမျက်စိတွေမူးလာပြီ""ဟယ်သမီး အောင်စာရင်းတွေ တက်လာပြီတက်လာပြီ"
"ဒယ်ဒီနဲ့မာမီသမီးမကြည့်ရဲဘူး မာမီတို့ပဲကြည့်လိုက်"
နှင်းပြောကာ မျက်စိကိုလက်နှစ်ဘက်ဖြင့် အုပ်ထားလေသည်"မနှင်းပွင့်ဟန် ဂုဏ်ထူးရဘာသာMaths,Chem,Phys,Bio"
"ဟင် တကယ်လားမာမီ သမီးကိုပြ"
"တကယ်ကြီးဟ"
"ဟေး ဒါမှတို့သမီးလေးကွ"
"လာပါဦး ဒယ်ဒီ့သမီးလေးကို ဂုဏ်ပြုအနမ်းလေးပေးချင်လို့"
"မာမီဆီလည်းလာပါဦး ဖက်ထားချင်လို့"
"ဒယ်ဒီနဲ့မာမီ သမီးတီချယ်ဆီ ဖုန်းသွားဆက်လိုက်ဦး
မယ်နော်""ဆက်လိုက်ဆက်လိုက် ဆရာမလေးလည်း အရမ်းပျော်နေရှာမှာ"
"တို့သမီးလေး ခုလို၁၀တန်းကို ထူးထူးချွန်ချွန်နဲ့
အောင်တာ မေ့ ကျေးဇူးတွေအများကြီးပါတယ်""ဟယ်လို တီချယ်"
"အွန်း ကျွန်မလည်း လိုင်းပေါ်ကကြည့်ပြီးသွားပြီ"
"သမီးအရမ်းပျော်တာပဲတီချယ် ဒါနဲ့အဖြေပေးတော့"
"လောလိုက်တာအရမ်းပဲ"
"လောရမှာပေါ့ တီချယ့်ကိုလိုချင်တဲ့သူတွေ ဒီလောက်များနေတာ"
"ဟောဒီက မေအက္ခရာက နှင်းပွင့်ဟန်ကို အရမ်းချစ်ပါသတဲ့ရှင်"
"သမီးနားကြားများ မှားလိုက်တာလား ပျော်လိုက်တာတီချယ်ရာ ဒီညအိပ်လို့တောင် ပျော်မှာမဟုတ်တော့ဘူး"
"အကဲလေး ရှင်အိပ်မပျော်လည်း ကျွန်မအိပ်တော့မယ်
လူကအစောကြီးကတည်းက အိပ်ချင်နေတာ တော့်အောင်စာရင်းစောင့်နေလို့မအိပ်ရသေးတာ""ဟီး ဟုတ်တီချယ် Gnနော်"
အမှန်တော့မေတစ်ယောက် နှင်းကိုကြိုးစားစေချင်တဲ့စိတ်နဲ့သာ
ဂုဏ်ထူးရမှအဖြေပေးမယ် ပြောလိုက်တာ ဂုဏ်ထူးမပါလည်း
သူ့အသည်းလေးကိုပြန်ချစ်မှာပဲရယ်ဝါသနာအရရေးတာမလို့ လိုအပ်ချက်လေးတွေရှိရင်
နားလည်ပေးကြပါ🥰
YOU ARE READING
မမသည်သာကိုးကွယ်ရာ
Romanceဆိုးသွမ်းတဲ့ကောင်မလေးနဲ့ အရိုက်ကြမ်းတဲ့ဆရာမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ဆရာတပည့်ficလေးပါ punishment typeမလို့အမြင်မတူရင်ကျော်သွားပေးပါ