မင်္ဂလာလက်ထပ်ပွဲတစ်ခု
ခမ်းနာထည်ဝါစွာကျင်းပနေတယ်။
ပုံမှန်နဲ့မတူပဲ လက်ထပ်နေကြတာ
ကောင်လေးနှစ်ဦး...တစ်စုံတစ်ဦးကိုပိုင်ဆိုင်လိုက်ရလို့
ပျော်ရွှင်နေတဲ့ ကောင်လေး.....
သိမ်းပိုက်ခံလိုက်ရလို့
ရင်ထဲမှာ ခံပြင်းမုန်းတီးနေတဲ့ ကောင်လေး.....ဖာသာရဲ့ စကားအတိုင်း
တစ်နဲ့တစ်ဦးဂတိသစ္စာဆိုကြတယ်။
ဒါပေမဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်လေးရဲ့ရင်ထဲမှာ
ဆန့်ကျင်ဘက်ကိုပဲ ပြုလုပ်ဖို့ တိုင်တည်တယ်။*မင်းပျော်နေလား မင်အပျော်တွေ ပျက်စေဆီးစေရမယ်လို့ ငါ ရှောင်ကျန့် ဘုရားသခင်ရှေ့မှောက်မှာ သစ္စာဆိုတယ်*
တစ်ဖက်က ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကတော့
သူ့ချစ်ခြင်းတွေကို သူရဲ့ချစ်ရသူမြင်နိုင်ဖို့သာ
ဆုတောင်းနေခဲ့တယ်။*မင်းမုန်းနေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်းအမုန်းတွေ ပျောက်ပျယ်သွားဖို့ ငါ့ကိုချစ်လာဖို့ မင်းကို ပိုပိုပြီး ချစ်ပေးမှာပါ ရှောင်း ငါ ဝမ်ရိပေါ် ဘုရားသခင်ရှေ့မှောက်မှာသစ္စာဆိုတယ် မင်းကို ငါ့တစ်ဘဝလုံးပျော်ရွှင်အောင်ထားမယ်*
တစ်ဦးချင်းစီရဲ့ ရင်းတွင်းစကားသံတွေ
နာကျင်နေတဲ့ နှလုံးသားနဲ့ ပျော်ရွှင်နေတဲ့ နှလုံးသား ဘယ်လို ပေါင်းစည်းကြမလဲ။အချစ်တွေထပ်တူမညီတဲ့အခါ
ပိုချစ်တဲ့သူကပိုရှုံးရပါတယ်။
ပိုပြီး နာကျင်ရပါတယ်။လက်ထပ်ပြီးနောက်
ရက်တွေဟာတဖြည်းဖြည်း ပြောင်းလဲလာတယ်။
သူတို့လက်ထပ်ပြီးတာ တစ်ပတ်အကြာ...မပြောင်းလဲသေးတဲ့ ရှောင်ကျန့်ရဲ့အမုန်းတရားတွေကရင်ထဲမှာအပြည့်ပဲ။ သူ့ကိုသိမ်းပိုက်ထားတဲ့ ဝမ်ရိပေါ်ကို တစ်ဘဝစာမကျေနပ်ဘူး။ နှလုံးသားထဲကနေ တနုံ့နုံ့နဲ့မုန်းတယ်။ ငွေဆိုတာ ဝမ်ရိပေါ်အတွက်အရမ်းပေါနေရင် လွှင့်ပစ်လိုက်။ သူ့ကိုဘာလို့ ဝယ်ထားရတာလဲ။
တဖြည်းဖြည်းနဲ့ ပိုပိုတိုးလားတဲ့ ဝမ်ရိပေါ်ရဲ့ အချစ်များက ရင်ဘက်ကြီးနဲ့တောင်မဆံ့ဘူး ။ ဘာလို့များ ရှောင်းမပြောင်းလဲနိုင်ရတာလဲ သူ့ကိုမချစ်ရတာလဲဆိုတာ သူနားမလည်ပါ။ သူကတော့ ရှောင်းရဲ့ခြေဖဝါးနုနုလေးကအစမြတ်နိုးတယ်။ ရှောင်းအမေရဲ့ သဘောအတိုင်း သူလက်ခံခဲ့ပါရဲ့နဲ့ ရှောင်းရဲ့ အချစ်ကို သူမပိုင်ဆိုင်နိုင်သေးဘူး။
YOU ARE READING
🎐ရှောင်းမုန်းတဲ့ ကျွန်တော်🎐