ဖြစ်နိုင်ရင် ဆောင်ဟွန်းက ဂျုံဆောင်းကို လူတွေနဲ့အဝေးဆုံးခေါ်သွားပီး စိတ်ပင်ပန်းမှုတွေရဲ့အဝေးမှာထားချင်ပေမယ့် အဲ့လောက်ထိမတတ်နိုင်တဲ့အခါ ဆောင်ဟွန်းတို့ရဲ့ထွက်ပြေးပုန်းခိုရာနေရာဟာ အရင်အိမ်လေးဖြစ်လာခဲ့တယ်။အကျိုးအကြောင်းတွေကို ဆောင်ဟွန်းမေမေသိသွားတော့ များများစားစားမမေးပဲ အလိုက်တသိရှောင်ထွက်ပေးတယ်။အကြောင်းပြချက်ကတော့ ဆောင်ဟွန်းတို့လွတ်လွတ်လပ်လပ်နေဖို့တဲ့။
vocal cordပြင်းပြင်းထန်ထန်ပျက်စီးသွားတဲ့ဂျုံဆောင်းဟာ ဘယ်လိုပဲဖြစ်ဖြစ်ကျောင်းနားဖို့ ဖြစ်လာတယ်။ဒါပေမယ့် ဆောင်ဟွန်းကရော...။ဂျုံဆောင်းကိုတစ်ယောက်တည်းစိတ်မချနိုင်တဲ့ဆောင်ဟွန်းက သူပါရောပီး ကျောင်းနားပစ်လိုက်တယ်။ဒီနှစ်တွေအတွင်း ဆောင်ဟွန်းက ဂျုံဆောင်းနားမှာပဲ အရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးဖို့ စိတ်ကူးထားပုံရတယ်။
လမ်းပျောက်နေတဲ့ကြောင်ကလေးကို ပထမဦးဆုံးအိမ်ပေါ်ခေါ်တင်ခဲ့တုန်းက ဒီအိမ်လေးဟာ နားခိုဖို့ရာလုံခြုံတဲ့နေရာလေးဖြစ်ခဲ့သည်လေ။အခုတစ်ခေါက်ပြိုလဲနေတဲ့ကြောင်ကလေးကို အိမ်ခေါ်လာတဲ့အချိန်မှာလဲ အတတ်နိုင်ဆုံး အနွေးဓာတ်လေးပေးချင်သည်။
...
"ဂျုံဆောင်း ညစာစားရအောင်လေ"
"ဟင့်အင်း မစားချင်ဘူး"
မနက်ကတည်းက ဘာမှမစားပဲ ထိုင်မှိုင်နေတာကြောင့် ဆောင်ဟွန်းက အသာလေးလွှတ်ပေးထားပေမယ့် တစ်နေကုန်ဘာမှမစားပဲနေရင် မဖြစ်တာကြောင့်
"ငါဗိုက်ဆာနေပီ။မင်းမစားရင် ငါလဲမစားတော့ဘူး"
"အဲ့လိုမလုပ်ပါနဲ့လား"
"ဂျုံဆောင်းကလဲ လာပါ။တစ်ခုခုအရင်စားပီးမှ အိပ်လေနော်"
"ဟွန်းနား ငါ့ကိုမထိပဲနေလို့မရဘူးလား"
"အာ...ဆောရီးဂျုံဆောင်း"
စောင်အောက်အတင်းတိုးဝင်ဖို့ကြိုးစားနေတဲ့ဂျုံဆောင်းကို လက်ကနေဆွဲထူဖို့သွားဆွဲလိုက်ပေမယ့် တုံ့ပြန်မှုက အေးစက်နေတာကြောင့် ဆောင်ဟွန်းက အယောင်ယောင်အမှားမှား ခြေလှမ်းနှစ်လှမ်းလောက်နောက်ဆုတ်မိသွားသည်။
