အပိုင်း ----- ၁ ( Unicode)

210 7 0
                                    

အချိန်က ညနေပိုင်း အချိန်။

" ဝေါ ...ဝေါ ..."

လေပြင်းတို့က ခပ်ကြမ်းကြမ်း တိုက်ခတ်
နေသည်။

"  အ အ အ အ့ "

တောကျီးကန်းသံတို့ကလည်း  ကျွတ်ကျွတ် ညံနေသည်။

ဒလ သည် သူရောက်ရှိနေတာ ဘယ်အရပ်လည်းမသိ ဖြစ်နေသည်။လူတစ်စုက သူ့ကိုဖမ်းချုပ်ပြီး သူ၏မျက်လုံးကိုလည်း အ၀တ်အနက်ဖြင့်စည်းနှောင်ထားသောကြောင့် ဖြစ်သည်။

" မိတ်ဆွေကြီး ..ခင်ဗျားတော့ သစ္စာ ဖောက်ခံလိုက်ရပြီ သိလား... သေတော့လည်း မင်းတစ်ယောက်ပဲသေခဲ့ ဆိုတဲ့  စကားအတိုင်း ခင်ဗျားခေါင်းဆောင်က သေရွာလွှတ်လိုက်တာ ခင်ဗျားက ပျော်နေရော့ သလားပဲ "

" ခွေးမသား တွေ ထွီ "

ဒလ က သူ့ကို ဆံပင်ဆွဲပြီး ‌ထိုသို့ပြောနေသူ၏ မျက်နှာ နေရာကို မှန်းဆကာ တံတွေး ထွေးချ သဖြင့် ထိုသူက အတော်ဒေါသထွက်ပြီး ဒလ ၏မျက်နှာကို အားပါပါနှင့် ရိုက်ချလိုက်လျှင် ဒလ မျက်နှာ လည်ထွက်သွားပြီး သွေးစအနည်းငယ်စီးကျလာသည်။

ဒလ၏  ထိုသို့ မရှူမလှ မြင်ကွင်းကို တစ်ဖက် တွင် အခြေနေ စောင့်ကြည့်နေသော ဥတ္တရာ က အခွင့်ရေး စောင့်နေသည်။ သူ;   မသိ လိုက်တာက သူတို့ခေါင်းဆောင်သည်လည်း အနီး ကတစ်နေရာတွင် ရှိ နေခြင်းဖြစ်သည်။ ဥတ္တရာ က လှုပ်ရှား ဖို့ ပြင်စဉ်  အ‌ေ၀းမှ သူတို့၏ ခေါင်းဆောင်က  အချက်ပြသဖြင့် စောင့် ကြည့်နေသည်။

ဒလ ကို ဖမ်းထားသူက အဆက်မပြတ် ရိုက်နှက် နေသဖြင့် ဥတ္တရာသည်   စတင်လှုပ်ရှားတော့သည်။

" သေတော့ တစ်ယောက် ထဲသေခဲ့ ဆိုတာ ခင်ဗျား တို့ကို ပြောလိုက်သလားပဲ။ " ဥတ္တာရာ၏ ထိုစကားသံကြောင့် ထိုသူစိမ်းက တစ်ချက်ကြည့်လိုက်ပြီး အထင်မြင်သေးသည့်ပုံစံဖြင့် ...

" ဪ  ...ဘယ်သူများ မှတ်တယ်။ တည်မြဲမိန့်ရဲ့ အသုံးတော်ခံ လေးပဲ။ ဇ ကတော့ မသေးဘူး "

" ဇ က မသေးလို့ ရန်သူ ပိုင်နက်ထဲ ရအောင် ၀င်လာတာ ကွ... အသုံးတော်ခံ ဆိုလည်း ဘာဖြစ်လည်း ...မနာလို ဖြစ်နေတာလား အဟက် "

The Crack Of Dawn...(Own Characters)Where stories live. Discover now