Part 4

565 46 13
                                    

"သားကလဲ မင်းသမီးပါခေါ်လာမဲ့အကြောင်းကြိုမပြောဘူး
ဟင်းကောင်းလေးချက်ပေးရအောင်လို့"

အမေတို့မှာ အသော်ရဲ့ဖြစ်တည်မှုကို နားလည်ပေးတက်သူမို့ သားဟုသာခေါ်လေ့ရှိသည်။

"အမ်.... သားလဲမသိဘူးလေ ဒီမနက်မှာ့ မင်းသမီးကလဲလိုက်မယ်ဆိုလို့"

အသော့်အား မျက်စောင်းထိုးပြီး

"အသော်ကလေ မစန်းတို့အိမ်ကို ခေါ်လာရမှာဆိုးလို့ တစ်ယောက်ထဲခိုးလာတာ"

"အဲ့လိုတော့ မဟုတ်ပါဘူး အိမ်ကသေးတယ်လေ ပြီးတော့ကျဉ်းတယ် အဲ့တာမို့ မင်းသမီးကိုအားနာလို့ပါ"

"ဝေဝိုက်မနေပါနဲ့ ကောင်မလေးနဲ့ချိန်းတွေ့ချင်ရင် ချိန်းတွေ့ချင်တယ်ပေါ့ ဟွန့်"

ခင် စိတ်ကောက်နေသည်ကိုသိသော်လည်း မချော့သော အသော့်ကိုပို၍ဒေါသထွက်မိသည်။

"လာလည်တာကို မစန်းတို့က ဝမ်းသာပါတယ် ခင်ကငယ်ငယ်ကတည်းက သီးသန့်နေတက်တဲ့သူဆိုတော့ သားကအားနာပြီးမခေါ်တာနေပါလိမ့်မယ်"

"ဟုတ်တယ်လေ အရင်က မစန်းတို့နဲ့ သိပ်မရောဘူးဆိုပေမဲ့ အခုကတော့ ရေရှည်တွေ့ရမဲ့သူတွေပဲကို မိသားစုလို
ရင်းနှီးသင့်တယ်မလား"

"ဟုတ်တာပေါ့ "

အသော်တို့အိမ်မှာ ခင်တို့အိမ်တစ်ဝပ်လောက်မရှိသော်လည်း ခင့် စိတ်ထဲတွင် နွေးထွေးမှု၊ပျော်ရွှင်မှုတို့ကို ခံစားနေရသည်။
ထို့နောက် ခင့်ဘေးနားမှာ့ထသွားသော အသော်မှာ ပြန်မလာသေးသဖြင့် မီးဖိုခန်းသို့လိုက်သွားကာ ဆံပင်ကို ပင့်စီးထားပြီး ဘောင်းဘီတိုစပန့်နှင့် တီရှပ်အပွဝတ်ထားသော အသော်မှာ သီချင်းလေးတအေးအေးနှင့် ဟင်းချက်နေလေသည်။

"အမလေးးးးး လန့်လိုက်တာ ခင်ရယ် အသံလဲမပေးပဲ"

"အသံပေးရင်တောင်ကြားပါ့မလား နားကြပ်တပ်ထားပြီးတော့"

"ဟီးးးး ဟုတ်သားပဲ"

"မရီနဲ့ ဒီနေ့ကစပြီး ဂျာကြီးလို့ပဲခေါ်တော့မယ် ဂျာကြီးလဲ ခင်လို့မခေါ်နဲ့ မင်းသမီးပဲခေါ်"

You are my heart 🤎Where stories live. Discover now