Chapter 25_U

22.1K 1.6K 127
                                    

ပက်လက်အိပ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ တလှုပ်လှုပ်တက်လာသည့် ကိုယ်လုံးအိအိလေးကြောင့် စောမောင်နိုးလာရသည်။

ကိုယ်ပေါ်ကို တက်လာပြီး ဘာဆက်လုပ်မလဲ သိချင်တာမို့ စောမောင် မျက်လုံးမဖွင့်ဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်၏။

သိပ်မကြာလိုက်ခင်မှာပဲ စောမောင်၏ မေးဖျားက ခပ်အိအိအရာလေးနှင့် ထိကပ်ခြင်းခံလိုက်ရသည်။

ပြီးနောက် စောမောင်၏ နှာတံထိပ်ဖျားနှင့် ပါးပြင်ထံသို့ ထို ခပ်အိအိအရာလေးက ထိကပ်လာပြန်သည်။

ခပ်အိအိအရာလေး စောမောင်၏ နှုတ်ခမ်းကို ထိကပ်မိသည့် အချိန်တွင်တော့ စောမောင် မသိချင်ယောင်မဆောင်နိုင်တော့။

ထိုအရာလေးပြန်ခွာမည့်အချိန် စောမောင် အလွတ်မခံပဲ ငုံထွေးလိုက်တော့ ထိုအရာလေးက အလန့်တကြားနောက်ပြန်ဆုတ်သွားတော့၏။

"အကို ... နိုးနေတာကို အိပ်ချင်ယောင်ဆောင်နေတယ်"

"ကိုယ့်ခင်ပွန်းလေးကိုယ့်ကို ဘယ်လိုတွေ အခွင့်အရေးယူမလဲ စောင့်ကြည့်နေတာ"

"ဟွန်း လူလည်ကြီး"

စောမောင်က ဟန်လေး၏ ခါးလေးအား သူ့လက်မောင်းကြီးများဖြင့် သိုင်းဖက်လိုက်ပြီး ဟန်လေးအား နှုတ်ခမ်းဖူးဖူးလေးအား စုပ်ယူငုံထွေးလိုက်၏။

အပေါ်နှုတ်ခမ်းလေးအား တစ်လှည့် အောက်နှုတ်ခမ်းလေးအားတစ်လှည့် ကြင်နာယုယပြီးနောက် သူ၏ လျှာကို တစ်ဖက်လူ၏ နယ်နိမိတ်ထဲသို့ အလည်သွားစေကာ တစ်ဖက်လူ၏ လျှာဖျားလေးဖြင့် ဆော့ကစားမိတော့သည်။

နှစ်ယောက်သား မောဟိုက်စွာ၊ ပြင်းပြစွာ အကြင်နာအနမ်းများဖြာဝေနေကြရင်း အချိန်အတော်ကြာပြီးနောက် သူ့ကိုယ်ပေါ်က ခင်ပွန်းလေး မောလာသည်ကို ခံစားရသဖြင့် စောမောင် တစ်ဖက်လူ၏ နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်မိသည်။

"ကိုယ်မင်းကို ချစ်ပစ်ချင်လာပြီသိလား"

ထိုစကားအားကြားသည့် ဟန်လေးက စောမောင်အား မျက်စောင်းလေး ဝင့်ကာပြောလာသည်။

"မနက်ရောက်နေပြီ"

စောမောင်က အိပ်နေရာမှ ထထိုင်လိုက်တော့ အစောပိုင်းက စောမောင်၏ ကိုယ်ပေါ် ဝမ်းလျားမှောက်နေသည့် ဟန်လေးမှာ အလိုက်သင့်လေးပင် ပါလာပြီး စောမောင်ပေါင်ပေါ် ခွရက်သားထိုင်ချမိသွားသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now