အခန်း(၅)

2.5K 180 9
                                    

Unicode

သူ၏ လိင်စိတ်တိန်းညွှတ်မှုမှာ မိန်းကလေးများ အပေါ်တွင်မရှိကြောင်း သတိထားမိခဲ့ပေမဲ့ ယောင်္ကျားလေးတစ်ယောက်ထံတွင်တော့ သွား၍ ဖြစ်တည်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။

အဲ့တာကလည်း သူတို့မောင်နှမရဲ့ ကျေးဇူးရှင်အပေါ်ကို...

အကိုက သူ့ရဲ့ ရုပ်ဆိုးအကျဉ်းတန်တဲ့ အနာတွေကိုမြင်ပြီး ရွံသွားတာဖြစ်လောက်မည်။ တစ်မနက်လုံး အကို့ အရိပ်ကလေးဟာ အနားနားကပ်၍ ရှပ်ပြေးသွားသည်ကလွဲပြီး ထင်ထင်ပေါ်ပေါ် အနားကို မလာတော့ပါပေ။

ဆေးလိပ်ငွေ့‌တွေဟာ မြူမှုန်တွေလို ထူဝဲနေပြီး ထိုအငွေ့များကြားတွင်တော့ နတ်ဆိုးဟာ ခပ်တွေတွေရှိနေခဲ့သည်။ မျက်ဝန်းများထဲတွင် အုပ်မှိုင်းနေသော တိမ်စိုင်များက ရစ်ပတ်နေပြီး ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာရှိုက်နေခဲ့၏။

တစ်မနက်လုံး ဒီလိုပုံစံကြီးနဲ့ ကော်ဖီတစ်ခွက်သာသောက်ပြီး ရေကူးကန်ဘောင်မှာ ဆေးလိပ်တွေသာ ဖိသောက်နေတဲ့ အကိုကြီးအနားကို ဘုန်းမာန်မသွားရဲခဲ့ပေ။ ဆေးရုံက ဖုန်းဝင်လာမှသာ အရဲစွန့်ပြီး အနားကပ်ရတော့သည်။

"အကိုကြီး.."

မျက်ဝန်းထောင့်တွေကနေ လှမ်းကြည့်တဲ့ နေဝန်းက ခေါင်းငြိမ့်ပြ၏။ ဖွာလက်စဆေးလိပ်ကို လက်ကြားထဲညှပ်လိုက်ကာ ပြာတွေကို ရေကူးကန်ထဲကျနေပြီး နှုတ်ခမ်းဝကနေ အငွေ့တစ်ချို့ကို မှုတ်ထုတ်လိုက်သည်။ ဖြစ်စဉ်အသေးလေးရဲ့ အစအဆုံးကို ဘုန်းမာန်က လိုက်ကြည့်နေပြီး အကိုကြီး အသင့်ဖြစ်ပြီဆိုမှ

"နန်းဝေ က သတိရလာပြီတဲ့ ဆေးရုံကဖုန်းဆက်လာတယ်"

"အင်း"

နေဝန်းက ဆေးလိပ်ကို တစ်ချက်အရင်ရှိုက်လိုက်ပြီး စ‌ကားပြောတဲ့အခါ အငွေ့တွေက ပြတ်တောင်း ပြတ်တောင်းနှင့် ပါလာခဲ့သည်။

"ဟိန်းကိုခေါ်ပြီး မင်းအရင်သွားနှင့် ပါးစပ်ကို ရအောင်ပိတ်ထား၊ ဘာစကားမှ ထွက်မလာစေနဲ့"

ပြီးနောက် တိုကပ်သွားသော ဆေးလိပ်အား ရေကူးကန်ထဲသို့ ပစ်ချလိုက်လေသည်။

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora