Unicode
ထောင်၏ဂိတ်ဝ ပိတ်သွားချိန်မှာ JungKook
သည် မထိတွေ့ရတာကြာပြီဖြစ်သော ပြင်ပ၏
လေကို ရှူရှိုက်လိုက်သည် ။" ဟိုမှာ SeokJinမလား..."
ဘေးမှ ဂင်ဒို၏စကား ။" အေး ဟုတ်တယ်..ငါတို့ကို လာကြိုတာ
ထင်တယ် "" သခင်လေး Jeon "
ရုတ်တရက် အနားကိုပြေးလာပြီး ခါးကို
ကိုင်းညွတ်ကာ နှုတ်ဆက်လိုက်တဲ့ ကောင်လေး တစ်ယောက်ကြောင့် Jeonကြောင်အ
သွားသည် ။" ဘယ်သူလဲ ? "
" ကျွန်တော်က အထိန်းတော် Hwaရဲ့သားပါ..
အဖေက သခင်လေးကို ကြိုဖို့ လွှတ်လိုက်တာပါ "Jeonမျက်နှာ ရုတ်တရက် တင်းမာသွားသည်။
" မင်းတို့ကို ဂျွန်ဟွာအင်းက ခိုင်းလိုက်တာလား.."" မဟုတ်ပါဘူး...ကျွန်တော်တို့ သားအဖက
Jeonတွေ အတွက်ပဲ အလုပ်လုပ်ပေးတာပါ "
ထိုစကားကြားတော့ Jeonက ခပ်ပါးပါး
ပြုံးပြန်တယ် ။" ငါတော့ Seokjinနဲ့ပဲ သွားတော့မယ်..."
" အင်း...ငါနောက်ကျ ဆက်သွယ်မယ်နော် "
ဂင်ဒိုက အိုကေ ပုံစံလုပ်ပြပြီး SeokJinနဲ့
ထွက်သွားသည် ။JungKookသည် ရပ်ထားသော အနက်ရောင်
ကားလေးပေါ်ကို တက်လိုက်သည် ။ ကားထဲ
ဝင်ထိုင်လိုက်သည်နှင့် ဆုံးရှုံးလိုက်သော
အရှိန်အဝါများ ပြန်လည် ရရှိလာသလို
ခံစားလိုက်ရသည် ။" သခင်လေး..ကျွန်တော် သခင်လေးရဲ့
ကွန်ဒိုကို ခေါ်သွားပေးမယ်နော် "" ငါ့ ကွန်ဒို..? အဲ့ဒါကို ဂျွန်ဟွာအင်း
မသိမ်းလိုက်ဘူးလား..."" အဖေက ကောင်းကောင်း ဝှက်ထားပေးခဲ့ပါတယ်..ယူဟွာအင်း မသိခဲ့ဘူး .."
" ဟက်...အဲ့ဒါဆိုရင်တော့ ငါပြန်စဖို့
သိပ်မခက်တော့ဘူး..."JungKookသည် သူ့ကိုယ်ပိုင်ကုမ္ပဏီမှ
ရသမျှ အမြတ်အစွန်းသာမက ငွေကြေး
အားလုံးကို စုဆောင်းသိမ်းထားခဲ့သည် ။
ဤသည်တို့ သိမ်းဆည်းရာသည် သူ၏
ကိုယ်ပိုင် ကွန်ဒို တစ်လုံးတွင်ဖြစ်သည် ။
ဂျွန်ဟွာအင်း မသိအောင် တိတ်တဆိတ်
ဝယ်ယူထားခြင်း ဖြစ်သည် ။ ထိုကွန်ဒိုထဲတွင်
ရှိသော စည်းစိမ်များသည် Jeonအိမ်တော်
ပိုင်ဆိုင်မှုနီးနီးပင် ရှိသည် ။
YOU ARE READING
Ashes Of Burning Desire
Fiksi PenggemarP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.