လူသူတိတ်ဆိတ်သင့်တဲ့ ညသန်းခေါင်ယံအချိန် ဆိုးလ်လမ်းမကြီးထက် emergency alarm သံတွေ တစီစီနှင့် လူနာတင်ယာဉ်ကားများ၏ မီးရောင်နီနီတို့က လမ်းမကြီးထက်မှာ ပြန့်ကြဲလို့။
ကြေမွနေသည့် အိမ်စီးကားလေးတစ်စီးဟာ ယာဉ်မောင်းဖြစ်သူကောင်လေး၏ ခံစားချက်တို့နှင့် တစ်ထပ်တည်းကျနေသယောင် ကြေမွပျက်စီးလျက်။" လူနာက အခုချက်ချင်း ဆေးရုံပို့မှဖြစ်မှာ၊ အသက်မှီဖို့ အရမ်းနောက်မကျခင် မြန်မြန်လုပ်ကြပါ"
သက်ဆိုင်ရာကယ်တင်သူများ၏ တစ်ယောက်တစ်ပေါက်အော်သံများနှင့် မကြာခင်မှာပဲ လူနာတင်ယာဉ်တစ်စီးနှင့်အတူ ကားသုံးလေးစီးလောက်က ဆေးရုံသို့ ထွက်ခွာသည်။
•••
Medical Centre Seoul*ဆေးရုံရှေ့ အချက်ပေးသံတညံညံနှင့် ရောက်လာသည့် လူနာတင်ယာဉ်ကြောင့် ဆေးရုံအတွင်းရှိ သူနာပြုများနှင့် ဆရာဝန်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
" လူနာက ဘာဖြစ်တာလဲဗျ"
Ambulance stretcher ကိုတွန်းရင်း မေးလာသည့် ခပ်ငယ်ငယ် ဆရာဝန်လေးက လူနာကို ကြည့်ကာ စိတ်မသက်မသာဖြစ်နေသည့်ပုံ။
" Car Accident ဖြစ်တာ Doctor ။ အသက်ကယ်ဆေးထိုးထားပေးမဲ့ မြန်မြန်လေး emergency roomထဲပို့မှဖြစ်မှာ"
•••ကားမှန်ကွဲစများကြောင့် ယူဂျင်း၏ မျက်နှာနုနုဟာ သွေးစတွေအလိပ်လိပ်နှင့်။
လက်တစ်ဖက်ဟာလည်း ကျိုးစေလောက်အောင် ထိခိုက်သွားသည်။ အပြင်သို့ ပြုတ်ကျသည့် အားဖြင့် ခေါင်းကိုလည်း အတော်ကို ထိသွားသည်။အသားဖြူဖြူနုနုလက်ဖျံဟာ လှပသယောင် ရှိခဲ့လောက်မည်ပေမဲ့ ယခုတော့ ဒဏ်ရာတွေနှင့် မနည်းလှတဲ့ အပ်ပေါက်ရာ ၊ ဆေးပုလင်းကြိုးတို့က နေရာယူထားတယ်။
ပုံမှန်ဆို ဆံပင်အုပ်အုပ်လေးနှင့် ကြည့်ကောင်းမည့် ကလေးရဲ့ နဖူးမှာတော့ သွေးစတွေနှင့် ပက်တီးဖြူဖြူက အကျည်းတန်စွာ နေရာယူထားသည်။
ဒေါက်တာ ဂယူဘင်းမှာ ထိုကလေးကိုကြည့်ရတာ စိတ်မကောင်း။ ဆရာဝန်အလုပ်က လူနာတွေကို ကယ်တင်ရတာဆိုပေမဲ့ တစ်ခါတလေတော့ သိပ်ကိုပင်ပန်းသည်။
မကယ်တင်နိုင်လိုက်တဲ့လူတွေ၊ ကိုယ့်လက်ထဲမှာ အပြီးတိုင် အနားယူသွားကြတဲ့လူတွေ၊ အသက်ရှင်လျက် သေရမည့်အချိန်ကို ထိုင်စောင့်နေကြရတဲ့လူတွေ။
ထိုကဲ့သို့ လူနာတွေ...။ စာနာသလို ဂရုဏာလည်း သပ်မိရသေးသည်။ လူ့ဘဝကြီးမှာ တခြားလူတွေလို ကောင်းကောင်းမရှင်သန်နိုင်ဘဲ ဆေးလုံးတွေရဲ့အကူအညီတွေ၊ ဆေးပုလင်းတွေရဲ့ အကူအညီတွေနဲ့ အသက်ဆက်ကြရတဲ့ ဘဝပေါင်းများစွာနဲ့ နေ့တိုင်းထိတွေ့နေရတဲ့ ဆရာဝန်ဘဝက မြင့်မြတ်သလို ပင်ပန်းသည်။

YOU ARE READING
My Personal Doctor
Fanfictionkim gyuvin X han yujin ( one shot) Written in Burmese>>>