32.uni

541 22 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(32)

အနုပညာရှင်လေးဟာလဲ သူ့ပရိတ်သတ်တွေနဲ့အတူ အဲ့လူ မြင်ကွင်းကပျောက်သွားတဲ့အထိ လိုက်ကြည့်နေခဲ့မိလေတယ်

Holy shit .... ကမ္ဘာပေါ်မှာ
အခုလို နတ်ဘုရားတပါးလိုချောမောတဲ့သူလဲရှိသေးတယ်ပေါ့ ဒါက သာမာန်လူတွေကိုတမင်စော်ကားတာပဲ မဟုတ်ဘူးလား

အနုပညာရှင်လေးခမျာ လေယောဉ်ကွင်းထွက်ပွဲအတွက် ဂရုတစိုက်ဝတ်စားလာခဲ့ပေမဲ့ ဘာမဟုတ်တဲ့အမဲရောင် suitဝတ်ဆင်ထားတဲ့သူကိုမယှဉ်နိုင်ဘူးလို့မတွေးဖူးဘူး

ငိုလုနီးပါးဖြစ်နေတဲ့အနုပညာရှင်လေးကိုသတိမမူမိတဲ့အနှီလူကြီးမင်းကတော့ အားလုံးကိုထားရစ်ကာ ကားထဲဝင်ထိုင်လို့ပျောက်ကွယ်သွားခဲ့ပါပြီ

.....

ထိုစဉ် မြို့တော်Aရဲ့ တနေရာမှာတော့

"ဆိုင်ရှင်ရေ ဒီပန်းပင်ကဘယ်လောက်လဲ "

ပနး်ပင်တွေကြားထဲအလုပ်ရှုပ်နေလေတဲ့ ‌မိန်းမပျိုလေးတစ်ယောက်က ပန်းပင်လာဝယ်တဲ့မိန်းမငယ်လေးရှိရာရောက်လာလေတယ်

"3500ပါ "

"အာ ဈေးကြီးလိုက်တာ "

"မကြီးပါဘူးရှင် ဒါလေးက ဂျပန်ချယ်ရီပင်လေးကိုမှဘွန်ဆိုင်းပုံစံလေးလုပ်ထားတာလေ နေရှိတဲ့နေရာကိုမကြိုက်လို့ အရိပ်ရတဲ့နေရာဘယ်နေရာပဲဖြစ်ဖြစ်ထားလို့ရတယ် ပြီးတော့ သူက လူတရပ်စာလောက်ထိပဲကြီးလာမှာလေ အေးတဲ့နေရာမှာဆို ပင်လုံးကျွတ်ပန်းပွင့်နေမှာ အရမ်းလှမယ်လို့မခံစားမိဘူးလား
အဲ့အပင်နားသွားပြီးစာဖတ်တာဓာတ်ဖမ်းတာအိပ်တာယောဂကျင့်တာအားလုံးလုပ်လို့အဆင်ပြေတယ် ပန်းနံ့ကလဲအရမ်းမပြင်းထန်ပဲသင်းသင်းလေးဆိုတော့အနှောင့်အယှက်လဲမဖြစ်တော့ဘူးပေါ့"

"အဲ့လိုလား ဒါဆိုရင်လဲ ငါးပင်ပေး နဲနဲတော့လျော့ပေးပါဦးမမရယ် ဒီဆိုင်က serviceလဲကောင်း ဆိုင်ရှင်ကလဲလှတယ်ပန်းလဲစုံတယ်ဆိုလို့အဝေးကြီးကနေရောက်လာတာပါ ဒီလိုလုပ်ပါလား ညီမကို နှစ်ရာလောက်လျော့ပေးလေ နောက်ကျမမရဲ့ဆိုင်ကိုကြေငြာပေးမယ်လေ ဘယ်လိုလဲ ဟင်? "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now